မိုးနဲ ဇွန် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယနေ့တွင် စတင်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များအတိုင်း ကျောင်းဝင်ပေါက်ဝတွင် အပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်း (Mask)နှင့် Face Shield များ တပ်ဆင်စေခြင်း၊ လက်ဆေးစေခြင်းများ ပြုလုပ်ပြီးနောက် စနစ်တကျ တန်းစီပြီး အတန်းလိုက်ဝင်ရောက်ကာ၊ စာသင်ခန်းတွင်း၌ တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေး အတိုင်းဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မိုးနဲမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (ကျိုင်းတောင်းမြို့) အပါအဝင် ၄၆ ကျောင်းရှိပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက ကျောင်းဝင်းအတွင်းနှင့်အပြင် လုံခြုံရေးများကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)