ကြာအင်းဆိပ်ကြီး ဇွန် ၁
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အခြေခံပညာကျောင်း များအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယနေ့ ဇွန်လ(၁)ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ အခြေခံပညာကျောင်းများအား စတင်ပြီးဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း ကျောင်းအပ်နှံရေးကို အခမဲ့ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ စီမံကြီးကြပ်မှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ ကျောင်းသားမိဘများနှင့် ကျောင်းကော်မတီဝင်များက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး