ချောင်းဆုံမြို့နယ်တွင် ၂၀၂၁−၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကိုဗစ်−၁၉ စည်ကမ်း ချက်များနှင့်အညီ စတင်ဖွင့်လှစ်

ချောင်းဆုံ ဇွန် ၁

၂၀၂၁−၂၀၂၂ ပညာသင်နှစ်တွင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပညာရေးဦးစီး ဌာန လက်အောက်ရှိအခြေခံပညာ (ထက်၊လယ်၊မူ) ကျောင်းများကို ဇွန်လ ၁ ရက်နေ့က ကိုဗစ်−၁၉ စည်ကမ်းချက်များနှင့်အညီဖွင့်လှစ်လိုက်သည့်အတွက် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ ကျောင်းစတင်တက်ရောက်သင်ကြားနေပြီးဖြစ်ကြောင်းသိရသည်။

         

ချောင်းဆုံမြို့နယ်တွင် (ထက်၊လယ်၊မူ)စာသင်ကျောင်း (၁၁၁) ကျောင်း ၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်း (၁) ၊ ကိုယ်ပိုင် အထက်တန်းကျောင်း (၁) ကျောင်းတို့တွင် မေလ (၃၁) ရက်နေ့ အထိစာရင်းအရကျောင်းသား/ကျောင်းသူဦးရေ (၁၀၆၉၆) ဦးရှိပြီး ၊ အခြေခံပညာကျောင်း (၅၀)တွင် မွန်နှင့်ကရင် တိုင်းရင်းသာဘာများသင်ကြားပေးသွားမည်ဖြစ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးသိုက်ကပြောသည်။

           

ကျောင်းသား/ကျောင်းသူများကိုပုံနှိပ်စာအုပ်များ ၊ ကျောင်းသုံးဗလာစာအုပ်များ ၊ ဘောပင်နှင့် ခဲတံများကိုလည်းအခမဲ့ ထောက်ပံ့ ပေးပြီးအခြေပညာကျောင်းများမှာ ကျောင်းသား၊ကျောင်းသူ ကျောင်းအပ်နှံခြင်းကို ဆက်လက် ကျောင်းအပ်လက်ခံနေကြောင်း သိရှိရသည်။