စဉ့်ကိုင်မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

စဉ့်ကိုင် ဇွန် ၁ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ(၁)ရက် နံနက်(၈)နာရီခွဲတွင် စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။ ထိုသို့ကျောင်းများ ဖွင့်လှစ်ရာတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအ၀င်၀တွင် ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း Mask များပါ/ မပါစစ်ဆေးပြီး လက်ဆေးဘေစင်များတွင် လက်များ စနစ်တကျဆေးရန် တာ၀န်ကျ ဆရာ/ ဆရာမများက စစ်ဆေးပြီး တစ်ဦးနှင့် တစ်ဦးနီးကပ်မှုမရှိစေရန် စာသင်ခန်းတွင် လူဦးရေကန့်သတ်၍ သင်ကြားပေးလျက်ရှိကြောင်းသိရသည်။ စဉ့်ကိုင်မြို့နယ် အတွင်း အခြေခံပညာကျောင်းများတွင် မူလတန်းအဆင့်ကျောင်းသားကျောင်းသူ (၅၈၄၈)ဦး၊ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ(၂၄၁၁)၊ ဦးအထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ(၆၄၁) ဦးစုစုပေါင်း ကျောင်းသား/သူ(၈၉၀၀)ဦး၊အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။ ညိုညို၀င်း(စဉ့်ကိုင်)