သတင်းများ

ကန်ကြီးထောင့်မြို့တွင် မီးလောင်ကျွမ်းရာတွင် ပါဝင်သွားသည့် အိမ်ထောင်စု ၃ စု ကို တိုင်းဒေသကြီး သဘာဝဘေးစီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံရေးပစ္စည်းများ ထောက်ပံပေးအပ်
Jun 03,2021
ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့တွင်ဇွန် ၁ ရက်နေ့ မနက် ပိုင်းက မြို့မစျေး မီးလောင် ကျွမ်းရာတွင် ဆိုင်ခန်း ၁၇၅ ခန်းနှင့် စျေးအနီး နေအိမ်၃လုံးမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
ကန်ကြီးထောင့်မြို့ စျေးမြေနေရာကို စုပေါင်းသန်ရှင်းရေး ဆောင်ရွက်
Jun 03,2021
ပုသိမ်ခရိုင်၊ ကန်ကြီးထောင်မြို့တွင် ဇွန် ၁ ရက်နေ့က မီးလောင်ခဲ့သော စျေးမြေနေရာကို စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်းအား ယနေ့ နံနက်ပိုင်းက အဆိုပါစျေးနေရာ၌ ပြုလုပ်ခဲ့သည်။
မိုင်းယုမြို့တွင် ကလေးငယ်များအား ပုံမှန်ပိုလီယိုကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေး
Jun 03,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ရှိ မွေးကင်းစမှ အသက်တစ်နှစ်ခွဲထိ ကလေးငယ်များအား ပုံမှန်ပိုလီယိုကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီက ပြည်သူ့ဆေးရုံ၌ တိုက်ကျွေး/ ထိုးနှံပေးခဲ့သည်။
ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)မြို့နယ်၌ ၂၀၂၁ ခုနှစ်အစိုးရဓမ္မာစရိယစာမေးပွဲများကျင်းပ
Jun 03,2021
သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊သာသနာရေးဦးစီးဌာနကကြီးမှူး၍နှစ်စဥ်ကျင်းပသော ၂၀၂၁ ခုနှစ် ဓမ္မာစရိယ စာမေးပွဲကို နိုင်ငံ တစ်ဝန်းလုံး ကျင်းပလျက်ရှိရာ၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် အနောက်ပိုင်း ခရိုင် ဗဟန်း မြို့နယ်၌ ၂၀၂၁-ခုနှစ်ဓမ္မာစရိယ စာမေးပွဲကို ယမန်နေ့ နေ့လယ် ၁၂နာရီမှ ညနေ ၄ နာရီအထိ ကျင်းပရာ၊ စာဖြေဆိုသည့် နေရာ(၈)နေရာတွင်၊ ရဟန်းသံဃာတော်များ၊ သီလရှင် ဆရာလေး များ၊ လူပဂ္ဂိုလ်များက၊ တစ်ပြိုင်တည်း ဝင်ရောက်ဖြေဆိုကြသည်။
သရက်ချောင်းမြို့ အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ပညာ သင်ကြား လျက်ရှိ
Jun 03,2021
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့ အခြေခံပညာစာသင်ကျောင်းများ ၌ ဇွန်(၂)ရက် နေ့တွင် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိ ကြ သည်။
လှိုင်းဘွဲမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေမှု အခြေအနေများအား တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေး
Jun 03,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ဇွန်လ(၁)ရက်နေ့က အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီး ကျောင်းများတွင် ပညာသင်ကြားနေမှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်အညီ စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေအား ယနေ့နံနက် (၉)နာရီခွဲ က တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှုစစ်ဆေး
Jun 03,2021
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် ဦးမြင့်စိုးတို့က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုကို ယနေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။