သတင်းများ

မိုင်းပျဉ်းမြို့၌ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေမှု အခြေအနေများအား တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေး
Jun 03,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ အခြေခံပညာကျောင်းများဖွင့်လှစ်ပြီး ပညာသင်ကြားနေမှု အခြေအနေများအား ယမန်နေ့နံနက် (၉)နာရီခွဲ က တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်းများဆောင်ရွက်
Jun 03,2021
နေပြည်တော် တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေး ဌာနက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား လစဉ်ပုံမှန်ကာကွယ်ဆေးများ  ထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းကို  ဇွန် ၁ ရက်နေ့က စတင်၍  နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ သုံးရက်တိုင်တိုင် အဆိုပါဌာနတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
ကျောက်မဲမြို့နယ်တွင် အဆင့်မြှင့်စက်ချုပ်သင်တန်းဖွင့်လှစ်
Jun 03,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတွင်  ယမန်နေ့ ဇွန်လ ၁ ရက်နေ့မှစ၍ ၂၀၂၀-၂၀၂၁  ဘဏ္ဍာ​ရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြှင့်စက်ချုပ်သင်တန်းကို  အခမဲ့ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြည်သူ့စာကြည့်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်
Jun 02,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမြင့်မားနေသည့် အတွက် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှစ၍ စာကြည့်တိုက်များ  ခေတ္တယာယီပိတ်ထားရာ ယခုမေလမှ စတင်၍ ပြန်လည်ဖွင့်လှစ်ပြီး စာပေဝါသနာရှင် စာဖတ်ပရိတ်သတ်များအား စာအုပ်စာစောင်များ လေ့လာဖတ်ရှုနိုင်ရန်အတွက် စာအုပ်စာစောင်ငှားရမ်းပေးခြင်း ဝန်ဆောင်မှု လုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ ရေးစည်းကမ်းချက်များနှင့်အညီ ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင် ဟိန္ဒားသတ္တုတွင်းနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်
Jun 02,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဟိန္ဒားသတ္တုတွင်းနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ညောင်ဦးမြို့နယ် သောက်သုံးရေရှားပါးသည့် နန်းတော်ရာတဲတိုက်သို့ ရေသိုလှောင်နိုင်အတွက် ရေဂါလံ ၅၀၀၀ ဆံ့ အုတ်ကန်လှူဒါန်း
Jun 02,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းတိုက်နယ်ရှိ သောက်သုံးရေရှားပါးသည့် နန်းတော်ရာ တဲတိုက်သို့ သောက်သုံးရေထည့်သိုလှောင်ထားနိုင်ရန် Bagn Sense Hotel မိသားစုနှင့် ပြည့်စုံဟိန်း ကုမ္ပဏီများအုပ်စု(ရန်ကုန်)မြို့တို့မှ သောက်သုံးရေ ထည့်သိုလှောင်သုံးယူနိုင်သည့် ရေဂါလံ ၅၀၀၀ဆံ့ အုတ်ကန်လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ ပုံမှန်ကာကွယ်ဆေးထိုးခြင်း အစီအစဉ်များ ဆောင်ရွက်
Jun 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မွေးကင်းစမှ တစ်နှစ်ခွဲအရွယ်အထိ ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းကစတင်ပြီး မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းရုံးတွင် စတင်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲပြုလုပ်
Jun 02,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး၌ “ပန်းခင်းစီမံချက်” ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။