သရက်ချောင်း ဇွန် ၃
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့ အခြေခံပညာစာသင်ကျောင်းများ ၌ ဇွန်(၂)ရက် နေ့တွင် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိ ကြ သည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် သရက်ချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ဇွန်လ(၁) ရက်နေ့မှ စတင်ကာ ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်သည်။ သရက်ချောင်းမြို့နယ်၌ အခြေခံပညာကျောင်း (၁၂၉) ကျောင်း ရှိပြီး လက်ရှိအချိန်တွင် အထက်တန်းကျောင်း(၁၅)ကျောင်း၊ အလယ် တန်းကျောင်း(၁၁)ကျောင်း၊ မူလွန် ကျောင်း (၁၀)ကျောင်းနှင့် မူလတန်းကျောင်း(၄၄)ကျောင်း စုစု ပေါင်း(၈၀)ကျောင်းကို ဖွင့်လှစ်ပညာ သင်ကြား နေပြီဖြစ် သည်။
အဆိုပါ အခြေခံပညာကျောင်းများဖွင့်လှစ် ပညာသင်ကြားနေသည့် ကျောင်းများ၌ ကျောင်း သား၊ ကျောင်းသူ များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကိုယ်ပူချိန်များ တိုင်းတာ ပေးခြင်း၊ Mask နှင့် Face Shield များကို တပ်ဆင်စေပြီးမှသာ စာသင်ခန်းအတွင်းသို့ ဝင်စေခဲ့သည်။
သရက်ချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မူလတန်းအဆင့်တွင် ကျောင်း သား၊ ကျောင်းသူ (၇၂၈)ဦး၊ အလယ်တန်းအဆင့်တွင်(၃၉၇)ဦးနှင့် အထက်တန်းအဆင့်တွင်(၁၃၃)ဦး စုစုပေါင်း (၁၂၅၈)ဦးတို့သည် သက်ဆိုင်ရာ ကျောင်းများအလိုက် စိတ်အေးချမ်းသာစွာဖြင့် ပညာသင် ကြားလျက်ရှိကြောင်း မြို့နယ် ပညာရေးမှူး ရုံးထံမှ သိရသည်။
သရက်ချောင်း(ပြန်/ဆက်)