သတင်းများ

မြို့သစ်မြို့နယ် ကိုရံတောင်ကျေးရွာ၌ ဒုတိယအကြိမ်ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Jun 02,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ကိုရံတောင်ကျေးရွာ၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ အသက် ၆၅နှစ်အထက် သက်ကြီး ဘိုးဘွားများနှင့် လူမှုရေးအသင်းအဖွဲ့များ ၊ ပြည်သူများအား ယနေ့နံနက် ၉နာရီမှစ၍ ကိုရံတောင် ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတွင်ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေး လျက်ရှိ ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်ရှိ အခြေခံပညာကျောင်းများကို ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး လမ်းညွှန် ချက်နှင့် အညီဖွင့်လှစ်သင်ကြား
Jun 02,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် သံဖြူဇရပ်မြို့နယ်အတွင်း၂၀၂၁ -၂၀၂၂ ပညာသင်နှစ်အတွင်း အခြေခံ ပညာ ကျောင်းများကို ဇွန်လ၁ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ ပြည်သူများ၏ ကျန်းမာရေးအတွက် ကြက်ခြေနီအသင်း (အင်းစိန်)မှ ကူညီ ဆောင်ရွက်ပေးလျက်ရှိ
Jun 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကြက်ခြေနီအသင်း(အင်းစိန်)မှ ပြည်သူများ၏ ကျန်းမာရေးကိစ္စများကို နေ့စဉ်(၂၄)နာရီ လူနာတင်ယာဉ်ကား(၂)စီးဖြင့် တာဝန်ရှိသူ များကရှေးဦးပြုစုနည်းဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်းသိရသည်။
ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်
Jun 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တံတားဦးမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Jun 02,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်တစ်နှစ်ခွဲ အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ ဆေးရုံ အတွင်းရှိ သံဃာ့ဆေးကုသဆောင်၌ ယနေ့နံနက်(၉)နာရီက စတင်ဆောင်ရွက်ကြကြောင်း သိရသည်။
မိုင်းယောင်းရှိ  မြို့မဘောလုံးကွင်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှု လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Jun 02,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်၌ မြို့မဘောလုံးကွင်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူနှင့် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးကြောင်း သိရ သည်။
ရန်ကင်းမြို့နယ်၌ ဓမ္မာစရိယစာမေးပွဲ ကျမ်းရင်းပါရာဇိကကဏ္ဍ ပါဠိအဋ္ဌကထာ( ၂)ဘာသာရပ်အား ဖြေဆို
Jun 02,2021

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ပရိယတ္တိသာသနာ ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ရန်ကင်းမြို့နယ်ရှိ သာသနာ့ဗိမာန်၌ ကျင်းပရာ ကျမ်းရင်းပါရာဇိကကဏ္ဍ ပါဠိအဋ္ဌကထာ (၂) ဘာသာရပ်အား ယနေ့မွန်းတည့် ၁၂ နာရီအချိန်ကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ် ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (နတ်ရေကန်) တွင် ကော်ဖီနှင့်အခြားအရိပ်ရ ပျိုးပင် ပေါင်း (၇၅၀၀၀) ကျော်ပျိုးထောင်ထားရှိ
Jun 02,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ ကော်ဖီရာသီ သီးနှံဌာနခွဲ၊ ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ (နတ်ရေကန်) သည် တောင်ပေါ်ဒေသ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ၂၀၂၁ ခုနှစ်၊ မိုးရာသီ တွင် သစ်ပင်များစိုက်ပျိုးနိုင်ရန် ကော်ဖီခြံပျိုးဥယျာဉ်တွင် ကော်ဖီနှင့်အခြားအရိပ်ရ ပျိုးပင်ပေါင်း (၇၅၀၀၀) ကျော်ကို ပျိုးထောင် ထားရှိကြောင်း သိရသည်။