သတင်းများ

ကျိုက်မရောမြို့နယ်၌ ကြက်ခြေနီအကြောင်း သိကောင်းစရာနှင့် ရှေးဦးပြုစုနည်း အသိပညာ ပေး Talk Show ပြုလုပ်
Jun 02,2021
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ကြက်ခြေနီအကြောင်း သိကောင်းစရာနှင့် ရှေးဦး ပြုစုနည်း အသိပညာပေး Talk Showအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကျိုက်မရော မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
ခမောက်ကြီးမြို့တွင် လမ်းထွက်သွားလာနေကြသူများအား မဖြစ်မနေနှာခေါင်းစည်းတပ်ဆင်ကြရေး Mask Compaign လုပ်ငန်း အရှိန်အဟုန်မြင့်ဆောင်ရွက်
Jun 02,2021
ကိုဗစ်- ၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ပြန်လည်ဖြစ်ပေါ်နေမှုကြောင့် ရောဂါကူးစက်မှုကာကွယ် ထိန်းချုပ် နိုင်ရေး အတွက် ပါးစပ်နှာခေါင်းစည်း Maskများ လိုက်လံဝေငှ၍ အသိပေးဆောင်ရွက်သည့် Mask Compaign လှုပ်ရှားမှု တစ်ရပ်ကို ခမောက်ကြီးမြို့တွင်ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြ သည်။
ကျွန်းလှမြို့နယ်၌ အခြေခံပညာကျောင်းများဖွင့်လှစ်
Jun 02,2021
၂၀၂၁ -၂၀၂၂ပညာသင်နှစ်၊ အခြေခံပညာကျောင်းများအား ဇွန်လ(၁)ရက်နေ့မှ စတင်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်ရာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကျွန်းလှမြို့နယ်တွင် ယနေ့အထိကျောင်းသား၊ ကျောင်းသူများ တက်ရောက် ပညာ သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောက်မဲမြို့နယ်တွင် သက်ကြီးဘိုးဘွားများအား အမျိုးသားလူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်
Jun 02,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲ မြို့နယ်၊ အမှတ် ၁ ရပ်ကွက်ရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့‌ပေးသည့် ဒုတိယသုံးလပတ် အမျိုးသားလူမှုရေးပင်စင် ထောက်ပံ့ငွေများကို  ယနေ့ နံနက်ပိုင်းတွင် အမှတ် (၁) ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးဝင်းကြိုင်မြင့်နှင့် တာဝန်ရှိသူများက ဘိုးဘွားများ၏ လက်ဝယ်အရောက်  သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး
Jun 02,2021
ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို မေလ ပထမပတ်မှှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
ကမော့ကပိုမျိုးသန့်ခြံ၌ ၂၀၂၁ခုနှစ် မိုးရာသီ ပြောင်းချိုစိုက်ပျိုးပွဲကျင်းပ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌတက်ရောက်
Jun 02,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာအုပ်စုရှိ တောင်သူနည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်နေသော ကမော့ကပိုမျိုးသန့်ခြံတွင် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၁ ခုနှစ် မိုးရာသီပြောင်းချိုစိုက်ပျိုးပွဲကို ကျင်းပရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
မကွေးမြို့နယ်တွင် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲကျင်းပ
Jun 02,2021
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မဟာဝိသုတာရာမ (တောင်စာသင်တိုက်)တွင် ၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့ နေ့လယ်(၁၂) အချိန်က စတင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။