မိုင်းယုမြို့တွင် ကလေးငယ်များအား ပုံမှန်ပိုလီယိုကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေး

မိုင်းယု  ဇွန် 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ရှိ မွေးကင်းစမှ အသက်တစ်နှစ်ခွဲထိ ကလေးငယ်များအား ပုံမှန်ပိုလီယိုကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီက ပြည်သူ့ဆေးရုံ၌ တိုက်ကျွေး/ ထိုးနှံပေးခဲ့သည်။

 

အဆိုပါ ကာကွယ်ဆေး တိုက်ကျွေး/ထိုးနှံခြင်းကို ဒွန်းနွဲ့ကျေးရွာအုပ်စုရှိ ကျေးလက်ကျန်းမာ ရေးဌာနမှ သားဖွားဆရာမ ဒေါ်ဝေဝေလွင်က မြို့ပေါ်နှင့် ကျေးရွာများရှိ အသက် တစ်နှစ် အောက် ကလေးငယ်  ၃၀ ဦးကို ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပိုလီယို၊ ပြင်းထန် အဆုတ် ရောင်(ပီစီဗီ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုးစသည့် ကာကွယ်ဆေးများအား တိုက်ကျွေး/ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်(၂)ဦးတို့ကို မေးခိုင်ကာကွယ်ဆေး ပထမ အကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံပေး နိုင်ခဲ့ကြောင်း သိရသည်။

 

ကိုကိုနိုင်(မိုင်းယု)