ကန်ကြီးထောင့်မြို့တွင် မီးလောင်ကျွမ်းရာတွင် ပါဝင်သွားသည့် အိမ်ထောင်စု ၃ စု ကို တိုင်းဒေသကြီး သဘာဝဘေးစီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံရေးပစ္စည်းများ ထောက်ပံပေးအပ်

ကန်ကြီးထောင့် ဇွန် ၃ ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့တွင်ဇွန် ၁ ရက်နေ့ မနက် ပိုင်းက မြို့မစျေး မီးလောင် ကျွမ်းရာတွင် ဆိုင်ခန်း ၁၇၅ ခန်းနှင့် စျေးအနီး နေအိမ်၃လုံးမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ အဆိုပါ နေအိမ် ၃ လုံး မီးလောင်ဆုံးရှုံးမှုအတွက် တိုင်းဒေသကြီးသဘာဝဘေးစီမံခန့်ခွဲရေးဦးစီးဌာနက ထောက်ပံရေးပစ္စည်းများပေးအပ်ပွဲကို ယနေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။ ထိုနောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်အောင်က မီးသင့်ခံရသော နေအိမ် ၃ လုံးမှအိမ်ထောင်စု ၃ခု၊ လူဦးရေ ၇ ဦး အတွက် အိမ်ဆောက် ပစ္စည်းတန်ဖိုး ၆သိန်း၊ ဆန်ရိက္ခာ ၇ ရက်စာထောက်ပံ့ငွေကျပ် ၁၄၇၀၀ ၊ စုစုပေါင်း ထောက်ပံ့ငွေ ၆၁၄၇၀၀ ကျပ် နှင့် ပစ္စည်း ၁၇ မျိုးပါ ကယ်ဆယ်ရေးပုံး၃ပုံးတို့အား ဧရာဝတီတိုင်းဒေသကြီးသဘာဝဘေးစီမံခန့်ခွဲရေးဦးစီးဌာနမှပေးပို့လာရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်ရာမီးဘေးသင့်အိမ်ထောင်စုဝင်မိသားစုများမှ လက်ခံရယူခဲ့ကြသည်။ ဇင်မာ (ကန်ကြီးထောင့်)