မိုင်းယောင်းမြို့နယ်အတွင်း၌ တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ ဥက္ကဋ္ဌမှ တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

 

မိုင်းယောင်း ဇွန် ၃

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်နေသော တည်ဆောက်ရေးလုပ်ငန်းများကို မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးသည်။

မိုင်းယောင်းမြို့ လမ်းဦးစီးဌာနနှင့် ကျေးလက်လမ်းဦးစီးဌာနတို့က တာဝန်ယူဆောင်ရွက်နေသည့် မိုင်းယု-မိုင်းယောင်းလမ်းနှင့် မိုင်းယောင်း-မိုင်းဖြတ်လမ်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုနှင့် အ.မ.က(ပါဆတ်)၊ အ.မ.က(ဝိန်းမိုင်)၊ အ.မ.က(ဟိုရမ်း)ကျောင်းနှင့် အ.မ.က(ဝမ်တပ်)ကျောင်း စသည့် ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုလုပ်ငန်းများတွင် သတ်မှတ် စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရေး၊ အချိန်မီ ပြီးစီးစေရေးနှင့် အဆောက်အအုံ အရည်အသွေး ပြည့်မီစေရေးအတွက် မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းမြင့်သိန်း၊ စီမံကိန်းဦးစီးရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းဆေးယျ၊ မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးထက်ဝေတင့် ဦးစီးအရာရှိ (မြို့ပြ)၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်ဦးစီးမှူး ဦးနီစိုးကျော်၊ စည်ပင်သာယာရေးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးစိုင်းဟိန်းလွမ်းမိုးနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)