လှိုင်းဘွဲ ဇွန် ၃
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ဇွန်လ(၁)ရက်နေ့က အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီး ကျောင်းများတွင် ပညာသင်ကြားနေမှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်အညီ စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေအား ယနေ့နံနက် (၉)နာရီခွဲ က တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်းနှင့် တာဝန်ရှိသူများက လှိုင်းဘွဲမြို့ပေါ်အတွင်းရှိ ကျောင်းအသီးသီးတွင် လုံခြုံရေးဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အခြေခံပညာကျောင်းများ ဖွင့်လှစ်နေမှု အခြေအနေများနှင့် ကျောင်းသား/သူများ ပညာသင်ကြားနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရေးအဖွဲ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကြည်ဇင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းနိုင်ဦးနှင့် အဖွဲ့ဝင်များပါဝင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)