ကန်ကြီးထောင့်မြို့ စျေးမြေနေရာကို စုပေါင်းသန်ရှင်းရေး ဆောင်ရွက်

ကန်ကြီးထောင် ဇွန် ၃

ပုသိမ်ခရိုင်၊ ကန်ကြီးထောင်မြို့တွင် ဇွန် ၁ ရက်နေ့က မီးလောင်ခဲ့သော စျေးမြေနေရာကို စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်းအား ယနေ့ နံနက်ပိုင်းက အဆိုပါစျေးနေရာ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ တပ်မတော်သားများ၊  မီးသတ်တပ်ဖွဲ့ဝင်များ စျေးသူစျေးသားများ၊ ဒေသခံ ပြည်သူများ စုစုပေါင်းအင်အား  ၁၀၀ ဦးက လူအင်အား၊ စက်အင်အားဖြင့် စုပေါင်း ဆောင်ရွက် ခဲ့ကြသည်။

သန့်ရှင်းရေး ဆောင်ရွက်ရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများက လာရောက်ကြီးကြပ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇင်မာ (ကန်ကြီးထောင့် ပြန်/ဆက်)