သတင်းများ

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ ကြေးပေးအပ်
Jun 06,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေး အပ်ပွဲနှင့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီမှ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့်အညီ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်ရှိ ချောင်းမကြီးရေလှောင်တမံတွင် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကျင်းပ
Jun 06,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ငါးလုပ်ငန်းဦးစီးဌာနက ငါးသယံဇာတရေရှည်တည်တံ့ ပွားများစေရန်၊ ငါးရိက္ခာနှင့်ငါးထုတ်ကုန်မြင့်မားစေရန်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးအထောက် အကူဖြစ်စေရန်၊ ဒေသအတွင်းအလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန် ရည်ရွယ်ကာ ဥတ္တရသီရိမြို့နယ်ရှိ ချောင်းမကြီးရေလှောင်တမံတွင် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈နာရီက ကျင်းပခဲ့သည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ဝန်ထမ်းသားသမီးများအား စာရေးကိရိယာနှင့်ပညာသင် ထောက်ပံကြေးပေးအပ်
Jun 06,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ဝန်ထမ်းသားသမီးများ ပညာသင်ထောက်ပံကြးပေးအပ်ပွဲအခမ်းအနားကို ရန်ကင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌  ယနေ့နံနက် ၁၀ နာရီကပြုလုပ်ခဲ့ကြောင်းသိရသည်။
နမ့်စန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Jun 06,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည်သူများကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဝန်ထမ်းများအား ပထမအကြိမ်ထိုးနှံခြင်းကို  မြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက် ၉ နာရီက စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး
Jun 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် သွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲကျင်းပ
Jun 06,2021
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲက ရမည်းသင်းခရိုင် အားကစားကွင်းတွင် ကျင်းပခဲ့ရာ ရမည်းသင်းမြို့နယ် အမျိုးသမီးအသင်းနှင့် ပျော်ဘွယ် မြို့နယ် အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
ကျေးလက်ဒေသ တောရွာများတွင် ယနေ့တိုင် မြင်တွေ့နေကြရသည့် မြန်မာတို့၏ မိရိုးဖလာရိုးရာ လက်မှုလုပ်ငန်းများ
Jun 06,2021
ရှေးမြန်မာဘုရင်များ လက်ထက်တွင် စက်မှုလုပ်ငန်းများ မရှိခဲ့သော်လည်း အိမ်တွင်းလက်မှုလုပ်ငန်းများ ဖွံ့ဖြိုး၍ နိုင်ငံတစ်ဝန်းလုံး အနှံ့အပြားရှိခဲ့သည်။ အိမ်တိုင်းအိမ်တိုင်း၌ ရက်ကန်းစင်များကိုတွေ့ရှိရပြီး ရွာတိုင်းရွာတိုင်း၌လည်း တောင်းရက်ခြင်း၊ ပလုံးရက်ခြင်း၊ ဖျာရက်ခြင်း၊ အိုးဖုတ်ခြင်းနှင့် ပန်းထိမ်၊ ပန်းဘဲ လုပ်ငန်းများ တွေ့ရှိရသည်။ မြို့ကြီးများတွင် လက်မှုလုပ်ငန်းများအစား စက်ပစ္စည်းများဖြင့် အစားထိုးဝင်ရောက်လာ၍ လက်မှုလုပ်ငန်းအချို့ ပျောက်ကွယ်ခဲ့ကြသော်လည်း ကျေးလက်တောရွာများတွင် လက်မှုလုပ်ငန်းများ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်လျက် ရှိနေကြသည်။