သတင်းများ

ပိုင်ကျုံမြို့၊အမှတ်(၁)ရပ်ကွက်တွင်ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မှု(၉၀)ရာခိုင်နှုန်းပြီးစီး
Jun 07,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေ ရေး ၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေ၊ မြို့သာယာလှပ‌ရေးအတွက် လမ်းများနှင့်‌ ရေနုတ်မြောင်းများအား အဆင့်မြှင့်တင် ပေးလျက်ရှိရာ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်တွင် ငွေလုံးငွေရင်းအသုံးစရိတ် ငွေကျပ်(၁၄.၅၀၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ဒေါနလမ်းတွင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တာလေတိုက်နယ် ပြည်သူ့ကျန်းမာရေးဌာန၌ ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်း ပိုလီယိုအစက်ချဆေး တိုက်ကျွေးခြင်းများဆောင်ရွက်
Jun 07,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ တိုက်နယ်ပြည်သူ့ကျန်းမာရေးဌာန ၌ အသက်တစ်နှစ်ခွဲ‌ အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ပိုလီယိုကာကွယ်ဆေးနှင့် ပိုလီယိုအစက်ချကာကွယ်ဆေးတိုက်ကျွေးခြင်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
နောင်ချိုမြို့၌ အသက်တစ်နှစ်ခွဲအောက် ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်းဆောင်ရွက်
Jun 07,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့၌ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ပိုလီယိုကာကွယ်ဆေးအစက်ချဆေး တိုက်ကျွေးခြင်း၊ ပေါင်ချိန်ခြင်းများကို ယနေ့ နံနက်ပိုင်းက နောင်ချိုမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့ သစ်တောဦးစီးဌာနမှ ပျိုးပင်‌ပေါင်း သုံးသောင်းကျော် ပျိုးထောင်ထားရှိ
Jun 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝဘေးဖြစ်စဉ်များကို သစ်ပင်စိုက်ပျိုးခြင်းဖြင့် ကာကွယ်နိုင်ရန်၊ ဂေဟစနစ်များ မပျက်စီးစေရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန် ရည်ရွယ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁  ဘဏ္ဍာရေးနှစ် အရိပ်ရပင်၊ နှစ်ရှည်ပင်နှင့် စားသုံးသီးနှံပင် သုံးသောင်းကျော်ကို ပျိုးဥယျာဉ်(နှစ်)ခု၌ ပျိုးထောင်ထားရှိကြောင်း သိရှိရသည်။
မိတ္ထီလာမြို့အတွင်း ဓာတ်အားဖြန့်ဖြူးမှုစနစ် ကောင်းမွန်စေရေးအတွက် ၁၁ကေဗွီ ဓာတ်အားလိုင်း တည်ဆောက်ခြင်းနှင့် ၁၁/၀.၄ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ(၂) လုံး တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်
Jun 07,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့အတွင်း ဓာတ်အားဖြန့်ဖြူးမှုစနစ် ကောင်းမွန်စေရေး အတွက် ၁၁ကေဗွီ ဓာတ်အားလိုင်း တည်ဆောက်ခြင်းနှင့် ၁၁/၀.၄ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ နှစ်လုံး တည်ဆောက်ခြင်းလုပ်ငန်းကို အောင်ဆန်းရပ်ကွက်တွင် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လျှပ်စစ် မန်နေဂျာရုံးမှ သိရသည်။
ကျွန်းစုမြို့တွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းနှင့် မိသားစုဝင်အချို့တွင် Covid-19 ရောဂါပိုး တွေ့ရှိ
Jun 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယ‌မန်နေ့ မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံမှ အထက်တန်းသူနာပြု ၁ ဦးသည် အနံ့အရသာ ပျောက်သဖြင့် ကိုဗစ်ရောဂါပိုး ရှိ/မရှိ Rapid Diagnostic Antigen Test Kid(RDT) ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-19 ရောဂါ (Positive) ပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရဲမင်းဦးမှ သိရသည်။
တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်ဆေးရုံတွင် ပထမဦးဆုံး (COVID-19) ရောဂါပိုးတွေ့ရှိသူ အမျိုးသမီးနှင့် မိခင်အား ဆေးရုံမှဆင်းခွင့်ပြု
Jun 07,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူ(စံပြ)တိုက်နယ်ဆေးရုံတွင် မေလ(၂၃)ရက်နေ့က အနံ့ပျောက်ပြီး ဆေးရုံတက်နေစဉ် မေလ၂၅ရက်က RDT- Test Kit ဖြင့် ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာမှာ ပထမဦးဆုံးCOVID-19 ရောဂါပိုး အတည်ပြုတွေ့ရှိသူ တကူကျေးရွာအုပ်စု၊ အင်းရှည်ကုန်းကျေးရွာမှ အသက်(၁၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးအား (Facility Quarantine) အသွားအလာ ကန့်သတ်၍
ကျွန်းစုမြို့တွင် Covid 19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ပိုးသတ်ဆေးများပက်ဖျန်း
Jun 07,2021

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် တနင်္သာရီရေတပ်စခန်းဌာနချုပ်က ဦးစီး၍ မြို့နယ် အတွင်း Covid 19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက စာသင် ကျောင်းများ၌ Chlorine ပိုးသတ်များ ပက်ဖျန်းခဲ့ကြောင်း သိရသည်။