သတင်းများ

သရက်မြို့၌ စာချစ်သူများမှ စာဖတ်ဝိုင်းကျင်းပ
Jun 07,2021
မကွေးတိုင်းဒေသကြီး သရက်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာချစ်သူများမှ စာဖတ်ဝိုင်း ကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့ရာ ရွှေအမြုတေဝတ္တုတို ပေါင်းချုပ် စာအုပ်မှ စာရေးဆရာလူခါး၏ မြင့်နေသော နေရင့်နေသောအရူး၊ စီးနေသောမြစ် ဝတ္တုတိုဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန ( Community Centre ) RCC (၃)ထပ် တည်ဆောက်မှု ( ၂၂ )ရာခိုင်နှုန်း ပြီးစီး
Jun 07,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန ( Community Centre ) RCC (၃)ထပ် တည်ဆောက်လျက်ရှိရာ ယခုအခါ (၂၂) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာခင်ထံမှ သိရသည်။
လှိုင်းဘွဲမြို့နယ်အတွင်း၌ ကျေးလက်ကုန်ထုတ်လမ်းနှင့် တွင်းနက်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းဆောင်ရွက်
Jun 07,2021
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်သီးနှံများ ရာသီမရွေး အလွယ်တကူသယ်ယူပို့ဆောင်နိုင်ရန်နှင့် သောက်သုံးရေအလွယ်တကူရရှိစေရန် ရည်ရွယ်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ကုန်ထုတ်လမ်း/တံတားနှင့် တွင်းနက်တူးဖော်ဆောင်ရွက်နေမှု အခြေအနေများအား ယမန်နေ့က ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။
ဘောဂလိမြို့၌ ငွေနှင်းမှိုများကို အိမ်တွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးအဖြစ် လုပ်ကိုင်
Jun 07,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် တစ်ပိုင်တစ်နိုင် အိမ်တွင်းငွေနှင်းမှို စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ တစ်ပိုင်တစ်နိုင် တိုင်ထောင်ပဲသီးနှံစိုက်ပျိုးသည့်တောင်သူများ တစ်ပိဿာ ငွေကျပ် ၂၀၀၀ ဈေးရ၍ စီးပွားရေး အဆင်ပြေ
Jun 07,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေတို့ကို အကျိုးရှိစွာ အသုံးချပြီး တစ်ပိုင်တစ်နိုင် တိုင်ထောင်ပဲသီးနှံစိုက်ပျိုးရေးကို အားထားလုပ်ကိုင်ကြရာ အောင်မြင် ဖြစ်ထွန်းမှုရှိပြီး တိုင်ထောင်ပဲသီး တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ နှုန်း ရောင်းချနေရသဖြင့် မိသားစု ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် သရက်အုပ် ကျေးရွာ အုပ်စုရှိ ဒေသခံတောင်သူများထံမှ သိရသည်။
သီပေါမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရေးအတွက် ပျိုးပင်ပေါင်း ၇ သောင်း ကျော် ပျိုးထောင်ထားလျက်ရှိ
Jun 07,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် မိုးရာသီကာလ၌ ပြည်သူများ သစ်ပင်စိုက်ပျိုးနိုင်ရေးအတွက် လူထုဖြန့်သီးပင်စားပင်၊ သစ်တောသစ်ပင်၊ နှစ်ရှည်ပင်နှင့် ဗာတီဗာမြက်စသည့် ပျိုးပင်ပေါင်း ၇ သောင်းကျော် ပျိုးထောင်ပေးထားလျက် ရှိသည်။ 
မင်းလှမြို့၌ အသက်နှစ်လမှ တစ်နှစ်ခွဲအထိက လေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Jun 07,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက် ၂ လမှ ၁ နှစ်ခွဲအထိ ကလေး ငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့် ရှောက်မှုအနေဖြင့် လစဉ်ပုံမှန်ကာကွယ် ဆေးထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းများကို ယနေ့ နံနက်(၈)နာရီက တောင်ရပ်ကွက်၊မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းရုံး တွင် ဆောင်ရွက် ခဲ့သည်။
သန်လျင်မြို့နယ် ဖားကူးအရှေ့ကျေးရွာ၌ အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲ ကျင်းပ
Jun 06,2021
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းသေကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ဖားကူးအရှေ့ကျေးရွာတွင် သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အခြေခံ အပ်ချုပ်စက်သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာ၌ ကျင်းပခဲ့သည်။