သတင်းများ

သက်ကြီးဘိုးဘွား ၉၅၇ ဦးအား လူမှုရေးပင်စင် ၂၈၇ သိန်းကျော် ထောက်ပံ့ပေးအပ်
Jun 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ နှင့်မတ်လ ဒုတိယသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ဝန်းသိုမြို့၌ စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Jun 07,2021
၂၀၂၀-၂၀၂၁ခု ပညာသင်နှစ် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူသည့် သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် လှုဖွယ်ဝတ္ထုဆက်ကပ်လှုဒါန်းခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ခန္တီးပရိယတ္တိစာသင်တိုက်ကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန်ဆောင်မြို့တွင် တစ်အိမ်ထောင်သုံး ဆိုလာများ ထောက်ပံ့ပေးအပ်
Jun 07,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့အတွင်းရှ ိကျေးရွာ ၃ ရွာ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း တိုင်ဒေသကြီးရန်ပုံ‌ငွေဖြင့် ထောက်ပံ့ပေးအပ်သည့် တစ်အိမ်ထောင်သုံးဆိုလာများကို ယနေ့ နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ခမောက်ကြီးမြို့ Facility Quarantine Center ၌ စောင့်ကြည့်ထားရှိသော နေရပ်ပြန်ပြည်သူများအား လာရောက်ကြည့်ရှု
Jun 07,2021
ထိုင်းနိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောက်ရှိလာသည့် နေရပ်ပြန် ပြည်သူ(၇၄) ဦးသည် ဇွန်လ( ၅)ရက်နေ့ ညနေပိုင်းက ကော့သောင်းမြို့ ဆိပ်ကမ်းသို့ ရောက်ရှိလာပြီး နေရပ်ပြန်အမျိုးသမီး (၁၂)ဦးအား ခမောက်ကြီးမြို့ Quarantine Center ၌ စောင့်ကြည့်ထားရှိခဲ့ကြပြီး ယမန်နေ့ နံနက်ပိုင်း က ကော့သောင်းမြို့နယ်မှူးနှင့် အဖွဲ့တို့က လာရောက်ကြည့်ရှုခဲ့ကြသည်။
မြို့သစ်မြို့နယ်တွင် မြေအောက်ရေကိုအသုံးပြုကာ စိုက်ပျိုးသည့်နှမ်းများ အောင်မြင်ဖြစ်ထွန်း
Jun 07,2021
မကွေးတိုင်းဒေသကြီး၊  မြို့သစ်မြို့နယ်  ဘုရားကြီးရပ်ကွက်အတွင်းရှိ တောင်သူအချို့သည် မိုးမရွာသေးသော်လည်း မိမိတို့လယ်ယာမြေများကို စနစ်တကျထွန်ယက်၍ မြေအောက်ရေကိုအသုံး ပြုကာ သီးနှံမျိုးစုံ စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုအခါတွင် မြေအောက်ရေကိုအသုံးပြုကာ တစ်နှစ်ပတ် လုံးစိုက်ပျိုး၍ရသည့် စမုံနက်နမ်းများကို စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
Jun 07,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ တို့ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ၏ “ချစ်လို့ပြောတာမှတ်ပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ သည်။
မြို့သစ်မြို့ မြို့မအလယ်တန်းကျောင်းခွဲ(၉၀'×၃၀')RCC(၂)ထပ် ကျောင်းဆောင် သစ်ဆောက်လုပ်
Jun 07,2021
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်၌ စာသင်ကျောင်းသား ၊ ကျောင်းသူများ စိတ်ချမ်းမြေ့ စွာပညာသင်ကြားနိုင်စေရန်အတွက် မြို့သစ်မြို့ မြို့မအလယ်တန်းကျောင်းခွဲ ကျောင်းမြေနေရာတွင် (၉၀'×၃၀')RCC(၂) ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မိုးသီးနှံစိုက်ပျိုးရန် ပြင်ဆင်ထားကြသော တောင်သူဦးကြီးများ
Jun 07,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်မှ စိုက်ပျိုးရေးကို လုပ်ကိုင်ကြသော တောင်သူ ဦးကြီးများသည်  မိုးသီးနှံများကို  မစိုက်ပျိုးမှီ ထယ်ရေး၊ ထွန်ရေးကိုဦးစွာ ခံ၍စိုက်ပျိုးရန် ပြင်ဆင် ထားကြသည်။  အထူးသဖြင့် မိုးနည်းဒေသဖြစ်သော အလယ်ပိုင်း အညာဒေသများတွင် ထယ်ရေး၊ ထွန်ရေးခံမှုကို ပို၍ အလေးပေးလုပ်ဆောင်ကြသည်။ အဘယ်ကြောင့်ပါနည်း။ ထယ်ရေး ကြိုခံထားခြင်းဖြင့် စိုက်ပျိုးမည့် သီးနှံအတွက် ကောင်းကျိုးများစွာ ရရှိစေသည့်အပြင် မိုးများရွာသွန်း လာပါက အဆင်သင့် စိုက်ပျိုးနိုင်ရန်ဖြစ်သည်။