ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲကျင်းပ

ရမည်းသင်း    ဇွန်  ၆

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲက ရမည်းသင်းခရိုင် အားကစားကွင်းတွင် ကျင်းပခဲ့ရာ ရမည်းသင်းမြို့နယ် အမျိုးသမီးအသင်းနှင့် ပျော်ဘွယ် မြို့နယ် အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

အဆိုပါဘောလုံးပြိုင်ပွဲသို့ ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ရမည်းသင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပြီး  ပြိုင်ပွဲပြီးဆုံးချိန်ထိ ပျော်ဘွယ်မြို့နယ် အမျိုးသမီးဘောလုံးအသင်းက ငါးဂိုး၊ ရမည်းသင်းမြို့နယ် အမျိုးသမီးအသင်း ဂိုးမရှိ ဖြင့်ပျော်ဘွယ်မြို့နယ်အမျိုးသမီးအသင်းကအနိုင်ရဗိုလ်ဆွဲ့ကာ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားကို ထိုက်တန်စွာ ဆွတ်ခူးခဲ့သည်။

ထို့နောက်ပျော်ဘွယ်မြို့နယ် အမျိုးသမီးအသင်းအား ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဌေးဝင်းမှ အနိုင်ရပျော်ဘွယ်မြို့နယ် အမျိုးသမီးအသင်းအား ဆုဖလားနှင့် ဆုကြေးငွေချီးမြှင့်ပေးအပ်ပြီး ဒုတိယဆုရရှိသည့် ရမည်းသင်းမြို့နယ် အမျိုးသမီးအသင်းအားဆုကြေးနှင့် တစ်ဦးချင်း ဆုတံဆိပ်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးစံထွန်းမှ လည်းကောင်း၊ တက်ရောက်လာသည့် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ တစ်ဦးချင်း အကောင်းဆုံးဆုနှင့် တစ်ဦးချင်း ဆွဲပြားများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်