သတင်းများ

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲဖြေဆိုနေကြသော စာဖြေ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိ
Jun 07,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြိုသစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ်(၉၃)ရပ်ကွက်၊ အောင်သုခစာသင်တိုက်တွင် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုနေကြသော စာဖြေ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကျန်းမာရေးစောင့်ရှောက်မှု များကို ဇွန်လ ၁ ရက်နေ့၊ နံနက်ပိုင်းမှ စတင်၍ မြို့နယ်ကြက်ခြေနီအသင်းနှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း သိရသည်။
ဆောမြို့နယ်တွင် ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်းများ ဆောင်ရွက်ပေး
Jun 07,2021
အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊မကွေးတိုင်းဒေသကြီး၊ ဆော မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးတင်ကိုကိုဝင်းနှင့် ဝန်ထမ်းများသည် ယမန်နေ့က ပန်းခင်းစီမံချက်အရ ဆောမြို့ သီရိရပ်ကွက်နှင့် ဇေယျာရပ်ကွက် အတွင်းရှိ ပြည်သူများအတွက် သီရိရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အခြေပြု၍ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် တိုင်ထောင်ပဲတောင့်ရှည် စိုက်ပျိုးသူများနေ့စဉ်ဝင်ငွေရရှိ
Jun 07,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ကြက်သွန်၊ ပဲတီစိမ်း၊ ငရုပ်၊ ငှက်ပျော၊ ဝါ စသည့်သီးနှံများ အများအပြားစိုက်ပျိုးကြသော်လည်း မြစ်ဘေး၊ ချောင်းဘေးနှုန်းတင်မြေနုများနှင့် ယာမြေအချို့တွင် ပန်းမျိုးစုံနှင့် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံ စိုက်ပျိုးကြရာ တိုင်ထောင်ပဲတောင့်ရှည်စိုက်ပျိုးသည့် တောင်သူများ နေ့စဉ်ဝင်ငွေရရှိပြီး မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
ပလင်းကမ်းသာယာဆင်စခန်းရှိ ဆင်များအား ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့်ပိတ်ထား သည့် ကာလအတွင်းOnline မှတဆင့် ဆင်စာဘူဖေးကျွေးမှု (၁၈၅)ကြိမ်ရှိလာ
Jun 07,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အ‌နောက် ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင်ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာ ယာဆင် စခန်းပိတ်ထားစဉ်ကာလအတွင်း မြန်မာပြည်အရပ်ရပ်မှဆင်ချစ်သူများက Online မှတဆင့် ဆင်စာဘူဖေးကျွေးမှုများပြားလာကြောင်း သစ်အုပ်ကြီး ဒေါ်နိုင်းနိုင်းဧရာထံကသိ ရသည်။
နတ်မောက်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ဆေးထိုး၊ ဆေးတိုက်ခြင်းဆောင်ရွက်
Jun 07,2021
မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင် ၊ နတ်မောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ မြို့ပေါ်(၇) ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်လောင်းများအား အပတ်စဉ် ပုံမှန် ကာကွယ်ဆေးထိုးခြင်း ၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၉) နာရီခန့်က ထိုးနှံ၊ တိုက် ကျွေးခဲ့ကြောင်းသိရသည်။
မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၏ ဝန်ထမ်းများ၏ သားသမီးများအား ပညာသင် ထောက်ပံကြေးနှင့် ဝတ်ရွတ်အဖွဲ့အား ဝတ်စုံထောက်ပံ့ပေးအပ်ပွဲကျင်းပ
Jun 07,2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၏ အခြေခံပညာနှင့် တက္ကသိုလ်၊ ကောလိပ်များတွင် ပညာသင်ကြားကြမည့် မိသားစုဝင်သား၊သမီးများအား ပညာသင်ကြေးထောက်ပံ့ပေးအပ်ခြင်းနှင့် ဝတ်ရွတ်အဖွဲ့အား ဝတ်စုံထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီခွဲ အချိန်က အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး
Jun 07,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများကို ဒေသခံပြည်သူများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော နိုင်ငံသားစိစစ်ရေး ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် ကြူဝန်းကျေးရွာနှင့် လက်ပနွယ်ကျေးရွာတို့သို့ သွားရောက်ပြီး ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးခြင်းနှင့် GAP နည်းစနစ်များ စိုက်ပျိုးထုတ်လုပ် ခြင်းအတွက် ကွင်းဆင်းဆောင်ရွက်
Jun 07,2021
နတ်မောက်မြို့နယ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိကျေးရွာများသို့ ယမန် နေ့ နံနက် (၉)နာရီအချိန်ခန့်က မိုးသီးနှံစိုက်ခြင်းနှင့် GAP နည်းစနစ်စိုက်ပျိုး ထုတ် လုပ်ခြင်းအတွက်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။