ရန်ကင်း ဇွန် ၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ဝန်ထမ်းသားသမီးများ ပညာသင်ထောက်ပံကြးပေးအပ်ပွဲအခမ်းအနားကို ရန်ကင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီကပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဉီးစွာ ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ထွန်းကအဖွင့်အမှာစကား ပြောကြားသည်။ထို့နောက်ဝန်ထမ်းသားသမီးများအား အထက်တန်းအဆင့်ကျောင်းသား တစ်ဦးလျှင် ကျပ်(၁၅၀၀၀/-)နှင့်(၉၀၀၀)ကျပ်တန်ဖိုးရှိစာရေးကိရိယာမျိုးစုံ၊ အလယ်တန်းအဆင့်တစ်ဦးလျှင် ကျပ်(၁၀၀၀၀/-) နှင့်(၉၀၀၀)တန်ဖိုးရှိ စာရေးကိရိယာမျိုးစုံ၊ မူလတန်းအဆင့် ကျောင်းသားတစ်ဦးလျှင်ကျပ်(၇၀၀၀) နှင့်( ၇၀၀၀)ကျပ်တန်ဖိုးရှိ စာရေးကိရိယာ ပစ္စည်းမျိုးစုံတို့အားခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ကျော်ထွန်းနှင့်တာဝန်ရှိသူများကထောက်ပံပေးအပ်ခဲ့ရာကျောင်းသားကျောင်းသူများကလက်ခံရယူခဲ့ကြောင်းသိရသည်။
လှလှထွေး(ပြန်/ဆက်)