သရက်မြို့၌ စာချစ်သူများမှ စာဖတ်ဝိုင်းကျင်းပ

သရက် ဇွန်၇

 

 

မကွေးတိုင်းဒေသကြီး သရက်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာချစ်သူများမှ စာဖတ်ဝိုင်း ကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့ရာ ရွှေအမြုတေဝတ္တုတို ပေါင်းချုပ် စာအုပ်မှ စာရေးဆရာလူခါး၏ မြင့်နေသော နေရင့်နေသောအရူး၊ စီးနေသောမြစ် ဝတ္တုတိုဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

 

 

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဆွေက စာဖတ်ဝိုင်းကျင်းရခြင်း ရည်ရွယ်ချက်ပြောကြားရာတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအချင်းချင်း မိမိဖတ်မှတ်ထားသမျှ ပြန်လည်မျှဝေပြီး အတွေးအမြင်များ ဖလှယ် နိုင်ရန် ပြောကြားပေးခဲ့ပြီး Book Club  အဖွဲ့ဝင်များ ဖြစ်သည့် ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ခင်တင်ထွေး၊ ဒေါ်ဖြူဖြူဟန်၊ ဒေါ်အေးအေးရီ၊ ဦးမြင့်သိန်းနှင့်ဦးမြင့်ဆွေတို့က စာရေးဆရာ၏တင်မြမှုအပေါ် စာဖတ်သူ၏ အမြင်ရှိမှုအပေါ် တင်ပြဆွေးနွေးပေးခဲ့သည်။

 

 

ထို့နောက် စာချစ်သူများဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက ဆွေးနွေးသူများ၏ ဆွေးနွေးချက်များကို သုံးသပ်ဆွေးနွေးပြီး တိုးတက်သော လူ့ဘောင်သစ်အတွက် ထားရှိရမည့် စိတ်ဓါတ်ကို ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

 

 

ဇော်ထက်(သရက်)