ဘောဂလိမြို့၌ ငွေနှင်းမှိုများကို အိမ်တွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးအဖြစ် လုပ်ကိုင်

ဘောဂလိ   ဇွန်   ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် တစ်ပိုင်တစ်နိုင်  အိမ်တွင်းငွေနှင်းမှို စိုက်ပျိုးခြင်းဖြင့်    မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

အဆိုပါ  ငွေနှင်းမှိုစိုက်ပျိုးသည့်  လုပ်ငန်းသည်  အိမ်တွင်းတွင်သာ  ပြုလုပ်ရသည့်အတွက်  အခုလက်ရှိဖြစ်ပေါ်လျှက်ရှိသည့်   ကိုဗစ်-၁၉ ကာလတွင်   အိမ်တွင်းမှာသာနေထိုင်ပြီး   ထုတ်လုပ် နိုင်သောကြောင့်  မိသားစုစီးပွားရေးကို  အထေက်အကူပြုသည့်  လုပ်ငန်းတစ်ခု ဖြစ်ကြောင်း  သိရသည်။

ငွေနှင်းမှို  စတင်စိုက်ပျိုးချိန်မှ   (၅)ရက်အတွင်း မှိုစတင်ထွက်ရှိပြီး  (၃)လကြာသည်အထိ  မှိုမျိုးထုပ် (၅၀၀)ထုပ်လျှင်တစ်ရက်  ၃ပိဿာမှ  ၅ပိဿာအထိ  ထွက်ရှိပြီး   ဖောက်သည်ဈေးအဖြစ်  တစ်ပိဿာလျှင် (၅၀၀၀)နှုန်းနှင့်  လက်လီဈေးအဖြစ်  တစ်ပိဿာလျှင် (၆၀၀၀)နှုန်းဖြင့်  ရောင်းချရကြောင်းကို   ငွေနှင်းမှိုစိုက်ပျိုး ရောင်းချသူ ဦးဖုန်းဇော်ဝင်းထံမှ   သိရသည်။ 

ဘောဂလိ