လှိုင်းဘွဲမြို့နယ်အတွင်း၌ ကျေးလက်ကုန်ထုတ်လမ်းနှင့် တွင်းနက်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းဆောင်ရွက်

လှိုင်းဘွဲ  ဇွန် ၇

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်သီးနှံများ ရာသီမရွေး အလွယ်တကူသယ်ယူပို့ဆောင်နိုင်ရန်နှင့် သောက်သုံးရေအလွယ်တကူရရှိစေရန် ရည်ရွယ်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ကုန်ထုတ်လမ်း/တံတားနှင့် တွင်းနက်တူးဖော်ဆောင်ရွက်နေမှု အခြေအနေများအား ယမန်နေ့က ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တောင်ကလေးကျေးရွာတွင်  ခွင့်ပြုရန်ပုံငွေ (၁၁.၅)သန်းဖြင့် တွင်းနက်ပေ (၃၄၀) တစ်တွင်းတူးဖော်ပေးခြင်းနှင့် မဲသိမ်ကျေးရွာတွင် ပြည်ထောင်စု ရန်ပုံငွေ (၈၂.၁၇)သန်းဖြင့် အရှည်(၂/၀)မိုင်ရှိ ကုန်ထုတ်လမ်းတစ်လမ်း၊ ကုန်ထုတ်လမ်းပေါ်တွင် အရှည်(၁၀)ပေရှိ ကွန်ကရစ်တံတား(၂)စင်း၊ အရှည်(၂၀)ပေရှိ ကွန်ကရစ်တံတား(၂)စင်းနှင့် အရှည်(၅)ပေရှိ Box Culvert (၂)စင်းတို့အား ပြည်ထောင်စုရန်ပုံငွေ ကျပ်(၉၀.၀၉)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း/တံတားနှင့် တွင်းနက်တူးဖော်နေမှု အခြေအနေများအား ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဒေါ်ခင်ဇာဝင့်၊ ဘားအံခရိုင် ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဇော် တို့က ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)