နတ်မောက် ဇွန် ၇
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန ( Community Centre ) RCC (၃)ထပ် တည်ဆောက်လျက်ရှိရာ ယခုအခါ (၂၂) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာခင်ထံမှ သိရသည်။
လူထုအခြေပြုဗဟိုဌာန ( Community Centre ) RCC (၃)ထပ်ဆောင် (၆၀× ၇၀) ပေ တည် ဆောက်ခြင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ပြည်ထောင်စု ခွင့်ပြုငွေ ( ၄၁၄.၀၁၀) ကျပ်သန်းဖြင့် တင်ဒါ အောင်မြင်သော Moon & Space ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ လူထုအခြေပြုဗဟိုဌာန ( Community Centre ) RCC (၃)ထပ်ဆောင်ကို စံချိန်စံညွှန်း နှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးရေးကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊မြို့နယ် အရည်အသွေးစစ် ကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
ဖြိုးအိအိဇော် ( နတ်မောက် )