ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် မိုးရာသီကာလ၌ ပြည်သူများ သစ်ပင်စိုက်ပျိုးနိုင်ရေးအတွက် လူထုဖြန့်သီးပင်စားပင်၊ သစ်တောသစ်ပင်၊ နှစ်ရှည်ပင်နှင့် ဗာတီဗာမြက်စသည့် ပျိုးပင်ပေါင်း ၇ သောင်းကျော် ပျိုးထောင်ပေးထားလျက် ရှိသည်။
မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးထောင်ထားလျက်ရှိသော ပျိုးပင်များမှာ သစ်တောသစ်ပင်များ ဖြစ်သည့် မန်ဂျန်ရှား၊ ကျွန်း၊ ရေသင်းဝင်၊ ယမနေ၊ ခရေ၊ ပိတောက်၊ ကံ့ကော်၊ မယ်ဇလီစသည့် အပင်(၆၆၂၂၀)ပင် ကိုလည်းကောင်း၊ နှစ်ရှည်ပင်များဖြစ်သည့် ပိန္နဲ၊ ဒညင်း၊ သရက်နှင့် ထောပတ်ပင်စသည့် အပင်(၈၄၇၀)ပင်ကို လည်းကောင်း၊ ဗာတီဗာမြက်(၁၆၅၀)ကိုလည်းကောင်း ပျိုးထောင်ထားရှိကြောင်း သိရသည်။
မိုးရာသီအစပိုင်း ဇွန်လအတွင်း၌ ပျိုးထောင်ထားရှိသော အပင်များကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာနေပြည်သူများ၊ ဌာနဆိုင်ရာရုံးများ၊ ကျောင်းများနှင့် သစ်ပင်စိုက်ပျိုးလိုသော ပြည်သူများ အားလုံးကို အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာန တာဝန်ရှိသူတစ်ဦး ထံမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)