မြိတ်မြို့ ပါရမီ(၂)ရပ်တွင် နေအိမ်တစ်လုံး မီးလောင်

မြိတ် ဇွန် ၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အလယ်ကျွန်းရပ်ကွက်၊ ပါရမီ()ရပ်၊ စိန်ချယ်လမ်းရှိ ဦးဖိုးထွေး  ပိုင်ဆိုင်သော အိမ်အမှတ်(၂၀၇၁) အလျား(၂၅)ပေ၊ အနံ(၄၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း ()ထပ်လူနေအိမ်၌ ဇွန်လ()ရက် နေ့လယ် ၁၂ နာရီ ၃၅ မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရ သေဆုံးမှုမရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်မှုသတင်းအား ပြည်သူတစ်ဦးမှ ဖုန်းဖြင့်သတင်းပေးပို့သဖြင့် ဗဟိုမီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ်()စီး၊ ရေသယ်ယာဉ်()စီး၊ အုပ်ချုပ်မှုယာဉ်()စီး၊ ရှာဖွေကယ်ဆယ်ယာဉ်()စီး၊ လူနာတင်ယာဉ် ()စီး၊ အရန်မီးသတ်စခန်းများမှ မီးသတ်ယာဉ်()စီး၊ ရေသယ်ယာဉ်()စီး၊ လူမှုရေးအသင်းအဖွဲ့ အစည်းမှ လူနာတင်ယာဉ်များဖြင့် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်း ဦးဆောင်၍ သန္ဓေ + အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊  ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၂ နာရီ ၅၅ မိနစ်အချိန်တွင် မီးငြိမ်းခဲ့သည်။

မီးလောင်မှုကြောင့် နေအိမ်အပေါ်ထပ် အလျား(၂၅)ပေ၊ အနံ(၂ဝ)ပေခန့်နှင့် အဝတ်ချုပ်စက်()လုံး၊ တစ် ယောက်အိပ် စပရိန်မွေ့ယာ()ခု၊ သစ်သားကုတင်()ခု၊ နံရံကပ်ပန်ကာ()လုံး၊ အဝတ်အထည်များ မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်(၁၀၈၂၅ဝဝိ/-) ဆယ်သိန်းရှစ်သောင်းနှစ်ထောင်ငါးရာ ခန့်ဖြစ်ကြောင်း၊ မီးလောင်မှုစတင်ဖြစ်ပွား ချိန်တွင် မီးသတ်ဆေးဘူးများဖြင့် ကနဦး ငြိမ်းသတ်ထားခြင်း မရှိကြောင်း၊ မီးလောင်မှုနှင့် ပတ်သက်၍  မီးသတ်ဦးစီးဌာနမှ ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)