စေတုတ္တရာ ဇွန် ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ် အတွင်းရှိ တောင်သူများစိုက်ပျိုးရေးသွင်းအားစု ပစ္စည်းများ အချိန်မီ ဝယ်ယူဖြည့်တင်းနိုင်ရန်နှင့် စိုက်ပျိုးရေး လုပ်ငန်းများအချိန်မီဆောင်ရွက်နိုင်စေရန်အတွက် ၂၀၂၀ပြည့်နှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေ များနှင့် ကိုဗစ်-၁၉ အထူးချေးငွေများကို ၂၀၂၀ပြည့်နှစ်အတွင်းက ထုတ်ချေးပေးခဲ့ရာ ချေးငွေ များ ချေးယူထားသည့် တောင်သူများက ယနေ့နံနက်ပိုင်း၌ အဆိုပါ ချေးငွေများအား မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ၌ လာရောက်ပေးဆပ်လျက် ရှိကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၀ပြည်နှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေကို ကျေးရွာအုပ်စု(၃၆)အုပ်စုရှိ တောင်သူဦးရေ(၁၅၄၉) ဦးအား ချေးငွေစုစုပေါင်း ၆၀၅၄ ဒဿမ၅၀ သိန်းနှင့် ကိုဗစ်-၁၉ အထူးချေးငွေကို ကျေးရွာအုပ်စု(၃၃)အုပ်စုရှိ တောင်သူ(၁၁၂၉)ဦးအား ချေးငွေစုစုပေါင်း ၁၉၄၃ သိန်းအား ၂၀၂၀ပြည့်နှစ်အတွင်းက ထုတ်ချေးပေးခဲ့ရာ ချေးငွေများထုတ်ယူ ထားသည့် တောင်သူများ မှမိမိတို့၏ ချေးငွေများကို မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲသို့ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ လာရောက်၍ ပြန်လည် ပေးဆပ် လျက်ရှိကြောင်းနှင့် မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၁ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကိုလည်း မေလ ၂၆ ရက်နေ့က စတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ခင်သန်းလှိုင်