ဘုတ်ပြင်း ဇွန် ၈
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်ပြည်သူများ ခရီးသွားပြည်သူများ Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအနေဖြင့် အပြင်ထွက်တိုင်း Mask တပ်ဆင်အသုံးပြုသည့် အလေ့အထများရရှိစေရန် Mask Campaign အသိပညာပေးလှုပ်ရှားမှုကို ယနေ့နံနက်ကပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင် ရာများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ Volunteer အဖွဲ့များသည် မြို့ပေါ်ရပ်ကွက်များတွင် အဖွဲ့ (၇)ဖွဲ့ကာ သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း မြို့တွင်းသို့လှည့်လည်ကာ Mask Campaign လှုပ်ရှားမှုဆောင်ရွက်ခဲ့ပြီး Mask များအခမဲ့ဖြန့်ဝေပေးခြင်း များဆောင်ရွက်ပေးခဲ့သည်။အဆိုပါအဖွဲများက လက်ကိုမကြာခဏစနစ်တကျဆေးပါ၊ အပြင်ထွင်တိုင်း Mask တပ်ပါ၊ ကျန်းမားရေးဦးစီးဌာနမှ ပညာပေးမှုများလိုက်နာပါ၊ စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာပါ၊ COVID-19 အလွန်အရေးကြီး စည်းကမ်းလိုက်နာ အန္တရာယ်ကင်းမှာ၊ လူတစ်ဦးနှင့်တစ်ဦး(၆)ပေ အကွာသွားလာနေထိုင်ပါ စသည့် ဗီနိုင်းများကိုင်ဆောင်၍ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
မြို့နယ်(ပြန်/ဆက်)