မိတ္ထီလာ ဇွန် ၈
မိတ္ထီလာမြို့တွင် ၂ဝ၂၁ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့မွန်းတည့်၁၂ နာရီအချိန်က အထက(၁) ဒက္ခိဏအဆောင်တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါအစိုးရပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်း စာဖြေသံဃာ ၆ဝပါး ၊သီလရှင် ၃ ပါး ၊ ပထမလတ်တန်း စာဖြေသံဃာ ၆၉ပါး၊ သီလင်ရှင် ၃ ပါး၊ ပထမငယ်တန်း စာဖြေသံဃာ ၂၁ပါး ၊ သီလရှင် ၁ပါး နှင့် အခြေပြုမူလတန်း စာဖြေသံဃာ၂၂ပါး မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ စုစုပေါင်း စာဖြေသံဃာတော် ၁၉၃ ပါးနှင့် သီလရှင် ၇ ပါး ဝင်ရောက်ဖြေဆိုသည်။ အဆိုပါ အစိုးရပါဠိပထမပြန် စာမေးပွဲအား ဇွန်လ ၇ ရက်နေ့မှ ဇွန်လ ၁၃ရက်နေ့အထိကျင်းပမည်ဖြစ်သည်။အလားတူ အစိုးရဓမ္မာစရိယ စာမေးပွဲကို ဇွန်လ ၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ အထက(၁) ဒက္ခိဏအဆောင်တွင် ကျင်းပပြုလုပ်လျက် ရှိကြောင်းသိရသည်။
ချမ်းသာ