မိုးကုတ်မြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပ

မိုးကုတ်   ဇွန်   ၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့တွင် ၂ဝ၂၁ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်ကမဟာမြတ်မုနိဘုရားကြီးဝင်းအတွင်းရှိ အဆောင်များတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်းစာဖြေသံဃာ (၂၀)ပါး ၊ ပထမလတ်တန်းစာဖြေသံဃာ (၂၂)ပါး  ၊ ပထမငယ်တန်းစာဖြေသံဃာ (၂၈)ပါး ၊ သီလရှင်(၄)  ပါးနှင့် အခြေပြုမူလတန်း စာဖြေသံဃာ(၃၈)ပါး၊သီလရှင် ( ၂ ) ပါး၊ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ  စုစုပေါင်း စာဖြေသံဃာတော် (၁၀၈)ပါးနှင့် သီလရှင် ( ၆ )ပါး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။   အဆိုပါအစိုးရပါဠိ ပထမပြန်စာမေးပွဲအား ဇွန်လ(၇ )ရက်နေ့မှ ဇွန်လ (၁၃)ရက်နေ့အထိ covid -19 ကာကွယ်တားဆီးထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ကျင်းပလျက်ရှိပြီး အစိုးရဓမ္မာ စရိယစာမေးပွဲကိုလည်း  ဇွန်လ(၁) ရက်နေ့မှစတင်ကာ (၁၃) ရက်နေ့အထိ အဆိုပါ မဟာမုနိဘုရား၀င်းအတွင်းတွင်   ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဖြိုးမမ(မိုးကုတ်)