သတင်းများ

မင်းကင်းမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုကျင်းပ
Jun 08,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးခရိုင် ၊ မင်းကင်းမြို့နယ်တွင် ၂၀၂၁ ခုနှစ်အတွက် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုကျင်း ပခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မင်းကင်းမြို့၊ ကန်တော်ပရိယတ္တိစာသင်တိုက် မိုးကုတ်ဓမ္မာရုံ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
အောင်သီရိဖောင်ဒေးရှင်းမှ အတိုးရငွေများအား နဝမ အကြိမ်ထောက်ပံ့ပေးအပ်
Jun 08,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဇွန်လ ၈ ရက်၊ နံနက် (၁၀)နာရီအချိန်က အောင်သီရိဖောင်ဒေးရှင်း မှအတိုးရငွေများအား ခန္တီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သာသနာရေး လုပ်ငန်းများ အတွက် နဝမအကြိမ်မြောက် ထောက်ပံ့ပေးအပ်ပွဲကို ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်း အဝေး ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ(ဖလား) (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ
Jun 08,2021
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ(ဖလား) (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဇွန် ၇ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က မော်လမြိုင်မြို့ Southern Myanmar ဘောလုံးကွင်း၌ ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ (၁၀) မြို့နယ်မှ ဘောလုံးအားကစား သမားများနှင့် နည်းပြများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
မိုးညှင်းမြို့နယ်၌ ၂၀၂၁ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပ
Jun 08,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ စာသင်သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များ၏ ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲဖြေဆိုခြင်းကို မြို့နယ်သာသနာရေး ဦးစီးဌာနက ကြီးမှူး၍ ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဥတ္တရာရာမကျောင်းတိုက်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပလျက်ရှိသည်။
ညောင်ဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
Jun 08,2021
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ မြစိမ်းရောင် ငါးကဏ္ဍ၊ မတည်ငွေကျပ်သိန်းသုံးရာမှအတိုးရရှိငွေဖြင့် ဆောင်ရွက်သောကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းဖြစ်သည့် ညောင်ဦးမြို့နယ် အနောက်ပုလင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ ခြံစည်းရိုးအုတ်တံတိုင်းကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ခြံစည်းရိုးအုတ်တံတိုင်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဟင်္သာတခရိုင်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီ လုပ်ငန်းဆောင်ရွက်မှု ညှိနှိုင်းအစည်းအဝေးပြုလုပ်
Jun 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် ခရိုင် အမျိုးသမီးကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
နတ်တလင်းမြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာရခဲ့သူများအား တိုင်းစီမံအုပ်ချုပ်ရေးကောင်စီမှ ထောက်ပံ့ကြေးများ ပေးအပ်
Jun 08,2021
ပဲခုးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြိုနယ် ဆီဆုံကုန်းကျေးရွာအုပ်စု စမ်းကြီးကျေးရွာ အခြေခံ ပညာ မူလတန်း(လွန်)ကျောင်းအတွင်း ပေါက်ကွဲမှုဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိသူများအား ပဲခူးတိုင်း စီမံ အုပ်ချုပ်ရေး ကောင်စီမှ ကူညီထောက်ပံငွေများကို တိုင်းစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ကိုယ်စား မြို့နယ် စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဌမှ ပေးအပ်ခဲ့သည်။
သုံးခွမြို့နယ်အတွင်းရှိအခြေခံပညာကျောင်း (၆)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း(၃) ကျောင်း တို့အား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ခြေနင်းလက်ဆေးစတီးဗေဇင်များ သွားရောက်လှူဒါန်းပေး
Jun 08,2021
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်အတွင်းရှိ အခြေခံပညာ သင်ကျောင်း(၆)ကျောင်းနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်း(၃)ကျောင်းတို့အား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ  ယမန်နေ့မွန်းလွဲ ၃ နာရီ အချိန်က လက်ဆေးစတီးဗေဇင်(နှစ်လုံးတွဲ)ကိုးခု သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။