လယ်ဝေး ဇွန် ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အစိုးရပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့ မွန်းတည့်(၁၂)နာရီမှ စတင်ကာ လယ်ဝေးမြို့ အမှတ်(၃)ရပ်ကွက် တေဇစက္ကီကမ္မဌာန်း ကျောင်းတိုက်၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပလျက်ရှိသည်။
ထိုသို့ဖြေဆိုနေမှုအား လယ်ဝေးမြို့နယ် ပေါက်ပင်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ သူရိယ ဆရာတော်အရှင်မြတ်ကြီးမှ ကြီးမှူး၍ ဆရာတော် သံဃာတော်ကြီးများက ကြီးကြပ် ဆောင်ရွက်ကြသည်။ လယ်ဝေးမြို့နယ်တွင် ၂၀၂၁-ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲကို ဇွန်(၇)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ အကြီးတန်း ဝင်ရောက်ဖြေဆို သံဃာ(၁၆)ပါး၊ သီလရှင်(၂)ပါး၊ အလတ်တန်းဝင်ရောက်ဖြေဆို သံဃာ (၂၈)ပါး၊ သီလရှင်(၁၇)ပါး၊ အငယ်တန်း ဝင်ရောက်ဖြေဆို သံဃာ(၂၉)ပါး၊ သီလရှင်(၅၁)ပါး နှင့် အခြေပြုမူလတန်း ဝင်ရောက်ဖြေဆို သံဃာ(၄၂)ပါး၊ သီလရှင်(၃၇)ပါး၊ စုစုပေါင်း(၂၂၂)ပါး ဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)