ကလိန်အောင်မြို့၌ မီးဘေးလုံခြုံရေးအသိပညာပေးလက်ကမ်းစာစောင်နှင့် (191)စတေကာများ ဖြန့်ဝေခြင်း ဆောင်ရွက်

 

ကလိန်အောင်       ဇွန်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ကလိန်အောင်မြို့၌ မီးဘေးအန္တရာယ်နှင့် အခြားသဘာဝဘေး အန္တရာယ်များမှ ကြိုတင်ကာကွယ်ရေးနိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များနှင့်( 191)စတေကာ များဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် နာရီက ကလိန်အောင်မြို့ မြို့မဈေး၌ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးခြင်းဆောင်ရွက်ခြင်းကို ကလိန်အောင်မြို့မီးသတ်ဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးထွန်းထွန်းအောင် နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကလိန်အောင်မြို့အတွင်းရှိပြည်သူများ မီးဘေးအန္တရာယ် ကင်းရှင်း ရေးနှင့်အခြားသဘာဝဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ရန် နှင့် သဘာဝဘေးအန္တရာယ် တစ်ခုခု ဖြစ်ပေါ်လာပါက ကလိန်အောင်မြို့၊ မီးသတ်ဦးစီးဌာနရုံးသို့ ဆက်သွယ်နိုင်ရေးအတွက် အသိပညာပေး လက်ကမ်း စာစောင်များနှင့်( 191) စတေကာများ ဖြန့်ဝေပေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကလိန်အောင်၊ (ပြန်/ဆက်)