ကမာရွတ်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ငွေများ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်နိုင်ရေးဆောင်ရွက်

ရန်ကုန် ဇွန် 

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှု ဝန်ထမ်းကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သုံးလတစ်ကြိမ် ထောက်ပံ့ပေး လျက်ရှိသော လူမှုရေးပင်စင်ထောက်ပံ့ငွေ များ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ခဲ့ရာတွင် ကမာရွတ်မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၄၀၈) ဦးအား ၂၀၂၁ ခုနှစ် ဇန်နဝါရီလ၊ဖေဖော်ဝါရီလနှင့် မတ်လများအတွက် လူမှုရေးပင်စင် တစ်ဦး လျှင် (၃၀၀၀၀)   ကျပ်နှုန်းဖြင့်    စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၂၂၄၀၀၀၀) ကျပ်ကိုမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရပ်ကွက်(၁၀)ရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။ 

အဆိုပါထောက်ပံ့ငွေများအား ရပ်ကွက်(၁၀)ရပ်ကွက်ရှိ အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများထံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် လိုက်လံ၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)