ကျောက်တံခါးမြို့နယ်၌ ၂၀၂၁ ခုနှစ် ၊ ပါဠိပထမပြန် စာမေးပွဲကျင်းပ

 

ကျောက်တံခါး  ဇွန်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ယမန်နေ့ နေ့မွန်းတည့် ၁၂ နာရီအချိန်က  ပါဠိပထမ ပြန်စာမေးပွဲကို မြို့နယ်စည်ပင်သာယာခန်းမတွင်  ကျင်းပလျက်ရှိ ကြောင်း မြို့နယ် သာသနာရေးဦးစီးဌာနမှ သိရသည်။

ကျောက်တံခါးမြို့နယ်အတွင်း ပါဠိပထမပြန်စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ရဟန်း၊ သာမဏေစုစုပေါင်း () ပါးတို့အား ဇွန်လ ရက်နေ့မှ ဇွန်လ ၁၃ ရက်နေ့အထိကျောင်းတိုက် အသီးသီးမှ ဆရာတော်ကြီးများမှ ကြီးကြပ် လျက်ရှိပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် သာသနာ့ရေးဦးစီးဌာနတို့မှ စာဖြေသံဃာတော်များ အဆင်ပြေ ချောမွေ့စွာ ဖြေဆိုနိုင်ရေး အတွက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် အခြေပြုမူလတန်းတွက်()ပါး၊ ပထမလတ်တန်း တွင်()ပါး ဝင်ရောက် ဖြေဆိုကြပြီး  ပါဠိပထမပြန်စာမေးပွဲ (ကြီး လတ်၊ ငယ်၊ မူ) ဖြေဆိုခြင်းဖြင့် သာသနာတော်သုံးရပ်၏ အခြေခံ မူလဘူတဖြစ်သော ပရိယတ္တိ သာသနာတော်မြတ် သန့်ရှင်း တည်တံ့ ပြန့်ပွားထွန်းကားရေးကို ရှေးရှု၍ ဗုဒ္ဓသာ သနာတော်ကြီး အဓွန့်ရှည်တည်တံ့ကာ နေလို၊ လလို ထွန်းလင်း တောက်ပနေစေရန်အတွက် ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များအား သာသနာရေး ဆိုင်ရာ ဘွဲ့ထူးဂုဏ်ထူး ချီးမြှင့်ဆက်ကပ်နိုင်ရန် ရည်ရွယ်ကာ ကျင်းပ ပြုလုပ်ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်