အရာတော်မြို့နယ်တွင် အစိုးရပါဠိ ပထမပြန်စာမေးပွဲကျင်းပ
Jun 08,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် အရာတော်မြို့တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၁ ခုနှစ်အစိုးရပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့ မွန်းတည့် (၁၂) နာရီက အရာတော်မြို့ အခြေခံပညာအထက်တန်းကျောင်း ဆရာစံခန်းမ စာဖြေဌာနတွင် စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။