ငါန်းဇွန်မြို့တွင် ပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ဖြေဆို
Jun 08,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့ ရှင်ပင်မိုးကောင်းမြတ်စွာဘုရားဝင်းအတွင်းရှိ ရတနဃရ သာသနဗိမာန်၌ ယနေ့ မွန်းတည့် ၁၂နာရီအချိန်က နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဂန္တဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တနရပတိနှင့် မြို့နယ်သံဃာ့နာယကဆရာတော်ကြီးများ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန်စာမေးပွဲအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဒုတိယနေ့ဖြေဆိုကြောင်း သိရသည်။