ထားဝယ်မြို့တွင်ပါဠိပထမပြန်စာမေးပွဲစတင်ဖြေဆို

ထားဝယ် ဇွန်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ကျင်းပခဲ့ ကြောင်း သိရသည်။

ထို့နောက် တနင်္သာရီတိုင်ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့် အဖွဲ့ဝင်များက ပါဠိပထမပြန် စာမေးပွဲတွင် ဖြေဆိုနေသော သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား သွားရောက် ကြည်ညိုပြီး လိုအပ်သည် များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ပါဠိပထမပြန်စာမေးပွဲ၌ စာဖြေသံဃာတော်နှင့် သီလရှင်ဆရာလေး ပထမကြီးတန်း (၁၂) ပါး၊ ပထမလတ် တန်း(၁၄)ပါး၊ ပထမငယ်တန်း(၁၈)ပါး၊ အခြေပြု မူလတန်း (၂၃)ပါး၊ စုစုပေါင်း (၆၇)ပါး ကြွရောက်ဖြေဆိုခဲ့ ကြောင်း သိရပြီး စာမေးပွဲကို ဇွန်(၁၃)ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(တိုင်းဒေသကြီးပြန်/ဆက်)