ဆီဆိုင်မြို့တွင် ပါဠိပထမပြန် စာမေးပွဲ ပထမနေ့ကျင်းပ

ဆီဆိုင်     ဇွန်     ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ မြကန်သာရပ်ကွက် အတွင်းရှိ ဆီဆိုင်မြို့နယ်လုံးဆိုင်ရာ ဇဝနာရာမပရိယတ္တိစာသင်တိုက်အတွင်း၌ ပရိယတ္တိသာသနာ ထွန်းကားပြန့်ပွားစေရေးအတွက် ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ကို ယမန်နေ့ နေ့လည် ၁၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပါဠိပထမပြန်စာပေးပွဲကို ဆီဆိုင်မြို့နယ်အတွင်းရှိ ပရိယတ္တစာသင်ကျောင်းတိုက်များမှ စာဖြေ သံဃာ စုစုပေါင်း စာရင်းပေးသွင်းဦးရေ(၁၇၄)ပါးအနက် ပထမကြီးတန်းတွင်(၁၀)ပါး၊ ပထမလတ် တန်းတွင်(၁၇)ပါး၊ ပထမငယ်တန်းတွင်(၁၉)ပါး၊ အခြေပြမူလတန်းတွင်(၇၂)ပါး စုစုပေါင်း စာဖြေ သံဃာ(၁၁၈)ပါး ဝင်ရောက်ဖြေဆိုကြောင်းနှင့် စာမေးပွဲကို ဇွန်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့ထိ ဘာသာရပ်အလိုက် စာမေးပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)