နတ်တလင်းမြို့တွင် (၃၃)ကြိမ်မြောက်စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

 

နတ်တလင်း  ဇွန် ၈

ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ်တွင် ၂၀၂၀ ခုနှစ်က ကျင်းပစစ်ဆေးခဲ့သော အစိုးရ ပါဠိပထမပြန် စာမေးပွဲကို ဖြေဆိုအောင်မြင်တော်မူခဲ့ကြသော ရဟန်းသာမဏေနှင့် သီလရှင်များအား အောင်လက်မှတ် ဆက်ကပ် လှူဒါန်းပွဲကို ဇွန် ၇ ရက်နံနက် ၈ နာရီကသကျမဟာမြတ်မုနိဘုရားကြီး သာသနာ့ ဗိမ္မာန်တော်ကြီးတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ ၃ကြိမ် ရွတ်ဆို ဖွင့်လှစ်ပြီး မြို့နယ် သံဃနာယကထံမှ ငါးပါး သီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ စာဖြေအောင်မြင်တော်မူကြသော ရဟန်းသာမဏေ သီလရှင်များကို တာဝန်ရှိသူ အသီးသီးတို့က အောင်လက်မှတ်များနှင့် အလှူတော်ငွေများကို ဆက်ကပ် လှူဒါန်း၍  သံဃာတော် များအား ဆွမ်များ ဆက်ကပ်လှူဒါန်းကြသည်။ နတ်တလင်းမြို့နယ်အတွင်းရှိကျောင်းတိုက်အသီးသီးမှ ပထမကြီး အောင်( ၁၅  )ပါး ပထမလတ်အောင်(၉ )ပါး ပထမငယ်အောင် (၁၄)ပါး နှင့်အခြေပြု(၁၅)ပါးတို့ အောင်မြင်ေတာ် မူခဲ့ကြကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်