နတ်တလင်းမြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာရခဲ့သူများအား တိုင်းစီမံအုပ်ချုပ်ရေးကောင်စီမှ ထောက်ပံ့ကြေးများ ပေးအပ်

 

နတ်တလင်း  ဇွန် ၈

ပဲခုးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြိုနယ် ဆီဆုံကုန်းကျေးရွာအုပ်စု စမ်းကြီးကျေးရွာ အခြေခံ ပညာ မူလတန်း(လွန်)ကျောင်းအတွင်း ပေါက်ကွဲမှုဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာ ရရှိသူများအား ပဲခူးတိုင်း စီမံ အုပ်ချုပ်ရေး ကောင်စီမှ ကူညီထောက်ပံငွေများကို တိုင်းစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ကိုယ်စား မြို့နယ် စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဌမှ ပေးအပ်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် ပြည်မြို့ကုတင်(၁၀၀) တပ်မတော်ဆေးရုံတွင် ဆေးကုသမှုခံယူနေသူ(၂)ဦးအား တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀၀)စီဖြင့်လည်းကောင်း ရန်ကုန်မြို့ကုတင် (၁၀၀၀) တပ်မတော်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသူ(၃)ဦးအတွက်လည်းကောင်းတို့၏ မိသားစုဝင်များနှင့် ကိုယ်စားလှယ် တို့အား တစ်ဦး လျှင် ငွေကျပ်(၃၀၀၀၀၀)စီတို့ကို တိုင်းစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ကိုယ်စား မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌက ပေးအပ်ခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်