မိုးညှင်းမြို့နယ်၌ ၂၀၂၁ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပ

မိုးညှင်း ဇွန် ၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ  စာသင်သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များ၏ ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲဖြေဆိုခြင်းကို မြို့နယ်သာသနာရေး ဦးစီးဌာနက ကြီးမှူး၍ ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဥတ္တရာရာမကျောင်းတိုက်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပလျက်ရှိသည်။

ထို့သို့ ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲဖြေဆိုနေမှုကို မြို့နယ်သံဃနာယက ဆရာတော်နှင့် ဩဝါဒါစရိယ ဆရာတော်ကြီးများက ကြီးကြပ်၍ သံဃာ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များ စာရင်းသွင်း (၁၆၆)ပါးရှိသည့်အနက် ဖြေဆို(၁၂၄)ပါး၊ ပျက်ကွက်(၄၂)ပါးရှိပြီး ပထမကြီးတန်းတွင် စာဖြေသံဃာ(၁၁)ပါး၊ သီလရှင်(၁)ပါး၊ ပထမလတ်တန်းတွင် စာဖြေသံဃာ(၂၈)ပါး၊ သီလရှင်(၄)ပါး၊ ပထမငယ်တန်းတွင် စာဖြေသံဃာ(၂၈)ပါး၊ သီလရှင်(၄)ပါးနှင့် အခြေပြု မူလတန်းတွင် စာဖြေသံဃာ(၂၄)ပါး၊ သီလရှင်(၂၀)ပါး၊ လူပုဂ္ဂိုလ်(၄)ဦး စုစုပေါင်းစာဖြေသံဃာ၊ သီလရှင်နှင့် လူပုဂ္ဂိုလ် (၁၂၄)ပါး ဝင်ရောက် ဖြေဆိုခဲ့ကြသည်။

အဆိုပါ အစိုးရပါဠိပထမပြန် စာမေးပွဲကို ဇွန်(၇)ရက်နေ့မှ ဇွန်(၁၃)ရက်နေ့ထိ ခုနှစ်ရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း သာသနာရေး ဦးစီးဌာနမှ သိရသည်။

ခရိုင်(ပြန်/ဆက်)