မင်းကင်းမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုကျင်းပ

မင်းကင်း ဇွန် ၈ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးခရိုင် ၊ မင်းကင်းမြို့နယ်တွင် ၂၀၂၁ ခုနှစ်အတွက် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုကျင်း ပခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မင်းကင်းမြို့၊ ကန်တော်ပရိယတ္တိစာသင်တိုက် မိုးကုတ်ဓမ္မာရုံ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို မြို့နယ်အတွင်း စာသင်ကျောင်းများမှ ဖြေဆိုရန်စာရင်းပေးသွင်းထားသူ ရဟန်း ၊ သာမဏေ ၊ သီလရှင် စုစုပေါင်း ၄၁ ပါး ရှိပြီး ယမန်နေ့က စတင်ဖြေဆိုရာတွင် ပထမကြီးတန်းတွင် ၁ ပါး ၊ ပထမလတ်တန်းတွင် ၈ ပါး ၊ ပထမငယ်တန်းတွင် ၂၀ ပါး ၊ ရဟန်း ၂ ပါး ၊ အခြေပြုမူလတန်းတွင် ၁၂ ပါး ၊ စုစုပေါင်း ၄၁ ပါး ဝင်ရောက်ဖြေဆိုခဲ့ပြီး ပျက်ကွက်မှုမရှိကြောင်း သိရသည်။ မင်းကင်းမြို့နယ်တွင် ၂၀၂၁ ခုနှစ် ၊ ပါဠိပထမပြန်စာမေးပွဲကို ဇွန်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ (၇)ရက်ကြာ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး စာဖြေသံဃာများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးရန်နိုင်ထွန်းနှင့် တာဝန်ရှိသူများက ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။ လှိုင်ဝင်းလေး