သုံးခွ ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်အတွင်းရှိ အခြေခံပညာ သင်ကျောင်း(၆)ကျောင်းနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်း(၃)ကျောင်းတို့အား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ယမန်နေ့မွန်းလွဲ ၃ နာရီ အချိန်က လက်ဆေးစတီးဗေဇင်(နှစ်လုံးတွဲ)ကိုးခု သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
သုံးခွမြို့နယ်တွင်၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လ ၁ရက်နေ့မှစ၍ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသားကျောင်းသူများပညာသင်ကြားရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် နိုင်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ခြေနင်းလက်ဆေးဘေဇင်(နှစ်လုံးတွဲ)များကို အထက( ၂)သုံးခွ၊ဖရုံကန်ကျေးရွာ အထက(ခွဲ)ကျောင်း၊ သရောတောကျေးရွာ အလက(ခွဲ)ကျောင်း၊စပါယ်ချောင်ကျေးရွာ( မူလွန်)ကျောင်း၊ညောင်လေးပင်ကျေးရွာ (အ.မ.က )ကျောင်း၊စစ်ပင်ကန်ကျေးရွာ (အမက)ကျောင်းများနှင့် အမှတ် (၃)ရပ်ကွက်ရှိ လောကမာရဇိန် ကျောင်းသစ်ကျောင်းတိုက်၊ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ အမှတ်(၅) ရပ်ကွက်ရှိ ဝိဇ္ဇောဒယဘုန်းတော်ကြီးသင်ပညာ ရေးကျောင်း၊ကိုင်းကန်ကြီးကျေးရွာ သဒ္ဓိမာရ်အောင် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများသို့ ကျောင်းတစ်ကျောင်းလျှင် စတီးဗေဇင် တစ်ခုဆီ သွားရောက် လှူဒါန်း ခဲ့ကြောင်းသိရသည်။
ယင်းသို့လှူဒါန်းရာတွင် သုံးခွမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှဒုတိယ တပ်ဖွဲ့မှူး ဦးခင်ထွန်း၊ တပ်ခွဲမှူး ဦးမျိုးနိုင်နှင့် တပ်ဖွဲ့ဝင်များကသွား ရောက်လှူဒါန်းပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ကျောင်းများမှ ကျောင်း အုပ်ကြီးများနှင့် တာဝန်ခံ ကျောင်းအုပ်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းသိရှိရသည်။
မြို့နယ် ပြန်/ဆက်