ညောင်ဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

ညောင်ဦး  ဇွန်   ၈

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ မြစိမ်းရောင် ငါးကဏ္ဍ၊ မတည်ငွေကျပ်သိန်းသုံးရာမှအတိုးရရှိငွေဖြင့် ဆောင်ရွက်သောကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းဖြစ်သည့် ညောင်ဦးမြို့နယ် အနောက်ပုလင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ ခြံစည်းရိုးအုတ်တံတိုင်းကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ခြံစည်းရိုးအုတ်တံတိုင်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ၊ငါးလုပ်ငန်းဦးစီးဌာနမှ အရင်းမပျောက်အတိုးရငွေဖြင့် မြစိမ်းရောင် ငါးကဏ္ဍအတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ အနောက်ပလင်းကျေးရွာ ၊အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ ခြံစည်းရိုးအုတ်တံတိုင်းကာရံ ခြင်းအား အလျားပေ ၁၈၀၊အမြင့် ၅ပေ၊ ခြံစည်းရိုးကာရံပေးခြင်းလုပ်ငန်းပြီးစီးပြီဖြစ်ကြောင်း၊ ညောင်ဦး မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ခင်လင်းထံကသိရသည်။ ညောင်ဦး မြို့နယ်အတွင်းရှိ မြစိမ်းရောင်ငါးကဏ္ဍမတည်ငွေထုတ်ပေးထားသည့် ကျေးရွာများကိုလည်း ဒေသဖွံ့ဖြိုးရေးအတွက် ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းလည်း ငါးလုပ်ငန်း ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ခင်လင်းကဆက်လက်ပြောပြ၍ သိရသည်။

ကိုထိန်၊ KPD