အောင်သီရိဖောင်ဒေးရှင်းမှ အတိုးရငွေများအား နဝမ အကြိမ်ထောက်ပံ့ပေးအပ်

ခန္တီး ဇွန် ၈

 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဇွန်လ ၈ ရက်၊ နံနက် (၁၀)နာရီအချိန်က အောင်သီရိဖောင်ဒေးရှင်း မှအတိုးရငွေများအား ခန္တီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သာသနာရေး လုပ်ငန်းများ အတွက် နဝမအကြိမ်မြောက် ထောက်ပံ့ပေးအပ်ပွဲကို ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်း အဝေး ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

         

 

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုအောင်က အဖွင့်အမှာစကားပြောကြားပြီး အောင်သီရိ ဖောင်ဒေးရှင်းမှ စာရင်းစစ်အဖွဲ့ခေါင်းဆောင် ဦးငွေထွန်းမှ ဖောင်ဒေးရှင်းနှင့်ပတ်သတ်၍ လုပ်ငန်း ဆောင်ရွက် ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ အလှူငွေများ ထောက်ပံ့ ပေးအပ်ရာ ဒေသဖွံ့ဖြိုးရေးကဏ္ဍအတွက် ကျပ်သိန်း(၅၀)၊ ပညာရး ကဏ္ဍအတွက်ကျပ်သိန်း(၃၀)၊ ကျန်းမာရေး ကဏ္ဍအတွက်ကျပ် သိန်း(၃၀)၊ သာသနာရေးကဏ္ဍအတွက် ကျပ်(၁၅)သိန်း စုစုပေါင်း ကျပ်(၁၂၅)သိန်းအား အောင်သီရိဖောင်ဒေးရှင်း မှတာဝန်ရှိသူများကပေးအပ်ရာ သက်ဆိုင်ရာကဏ္ဍ အလိုက် ဌာနဆိုင်ရာအကြီးအကဲများက အသီးသီးလက်ခံရယူ ခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်းသိရသည်။

                                                                                               

ဒီဇိုင်း(ရတနာမြေ)