မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ(ဖလား) (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

မော်လမြိုင် ဇွန် ၈

 

 

မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ(ဖလား) (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဇွန် ၇ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က မော်လမြိုင်မြို့ Southern Myanmar ဘောလုံးကွင်း၌ ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ (၁၀) မြို့နယ်မှ ဘောလုံးအားကစား သမားများနှင့် နည်းပြများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

 

 

ရှေးဦးစွာ (၁၀)မြို့နယ်မှ ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းသို့ ချီတက်နေရာယူပြီး ပြိုင်ပွဲ ဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ကို ရွတ်ဆိုကြသည်။

 

 

 

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းမှ ပြိုင်ပွဲအဖွင့်မိန့်ခွန်းပြော ကြား ရာတွင် "မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ မွန်ပြည်နယ်ရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်း မာရေး၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာအောင် ဘက်ပေါင်းစုံမှ ဆောင်ရွက်နေသလို အားကစားကဏ္ဍ ကိုလည်း အဆင့်မြင့်မားလာအောင် အရှိန်အဟုန်မြှင့် အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မွန်ပြည် နယ်(၁၀)မြို့နယ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ကျင်းပရခြင်းမှာ မြို့နယ်အဆင့်/ ခရိုင်အဆင့်မှသည် မွန်ပြည်နယ်လက်ရွေးစင်ဘောလုံးအားကစားသမားများ ထွက်ပေါ်လာစေရန်၊ ဘောလုံးအားကစားနည်း ကို လူအများစိတ်ဝင်စားပြီး ပါဝင်လာခြင်းဖြင့် မွန်ပြည်နယ်အမျိုးသမီးဘောလုံး အားကစားအဆင့် အတန်း တိုးတက်မြင့်မားလာစေရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲများတွင် မွန်ပြည်နယ် အမျိုးသမီးဘောလုံးအသင်း အောင်မြင်မှုရရှိစေရန်၊ မြန်မာ့လက်ရွေးစင်ဘောလုံးအားကစားသမားများ မွန်ပြည်နယ်မှ မွေးထုတ်ပေးနိုင်ရန် စတဲ့ရည်ရွယ်ချက်ကောင်းတွေနဲ့ ကျင်းပပေးရခြင်းဖြစ်ပါကြောင်း" ပြောကြားသည်။

           

ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များသည် ပြိုင်ပွဲဝင်အသင်း များအား လိုက်လံနှုတ်ဆက်ပြီး ဖွင့်ပွဲပွဲစဉ်(၁)အဖြစ် အုပ်စု(က)မှ မုဒုံမြို့နယ်အသင်းနှင့် သံဖြူဇရပ်မြို့ နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မုဒုံမြို့နယ်အသင်းက သံဖြူဇရပ်မြို့နယ်အသင်းကို လေးဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရရှိခဲ့သည်။

           

အဆိုပါ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ(ဖလား) (၁၀)မြို့နယ် အသက်(၂၅)နှစ် အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဇွန်လ ၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။