သတင်းများ

တောင်ကြီးမြို့နယ်တွင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့်ပတ်သက်၍ လာရောက်ရှင်းလင်း
Jun 08,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စုတွင် အကောင်အထည်ဖော် တည်ဆောက်မည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့်ပတ်သက်၍ GIC Group၊ ဖြူစင်ကုမ္ပဏီအုပ်စု၊ ဝမင်းကော်ပိုရေးရှင်း၊ အောင်မြင့်မိုလ်ကုမ္ပဏီနှင့် တောင်ကြီးချမ်းသာကုမ္ပဏီတို့မှ ယနေ့ နံနက်(၁၀) နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ လာရောက် ရှင်းလင်းကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်တွင်RDT Test Kitဖြင့်စစ်ဆေးရာကိုဗစ်-၁၉ပိုးရှိသူ(၂)ဦးတွေ့ရှိ
Jun 08,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံးတွင်ပိုးတွေ့လူနာနှင့်ထိစပ်မိသူအဖြစ်သတ်မှတ်ထားသူများအားRDT Test Kitဖြင့်စစ်ဆေး ဆောင်ရွက်ခဲ့ရာကိုဗစ်-၁၉ရောဂါပိုးရှိသူ(၂)ဦးတွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရ သည်။
တပ်ကုန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးသင်မူလတန်းလွန်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုများအား ကြည့်ရှုအားပေး
Jun 08,2021
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် နေပြည်တော် သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းထွန်းအောင်၊ ဥတ္တရခရိုင် သာသနာရေးမှူး၊ တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဘုန်းတော်ကြီးသင် မူလတန်းလွန် ကျောင်း ရွှေမြို့(ဂိုဏ်းထောက်)ကျောင်းနှင့် ကျောက်စရစ်ကုန်းကျောင်း ဖွင့်လှစ်သင်ကြားနေ မှုများကို ကြည့်ရှုအားပေးသည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုင်းကြီး (ရွာဟောင်း) စေတီတော် ထီးတင်ပွဲ ကျင်းပနိုင်ရေးနှင့် မြို့သန့်ရှင်းသာယာ လှပရေး စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်နိုင်ရန်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Jun 08,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုင်းကြီး (ရွာဟောင်း) ဘုန်းတော်ကြီးကျောင်းရှိစေတီတော် ထီးတင်ပွဲ ကျင်းပနိုင်ရေး နှင့် မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးဆောင်ရွက်နိုင်ရန်  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။
​တောင်ငူမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်
Jun 08,2021
ဝန်ထမ်းများ စာဖတ်သည့် အလေ့အထများရရှိရန်နှင့် လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုရှိစေပြီး လုပ်ငန်း စွမ်းဆောင် ရည်မြင့်မားစေရန် ရည်ရွယ်ပြီး ဝန်ထမ်းများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်ရုံး လူထုအ​ခြေပြုဗဟို ဌာန Community Center ခန်းမတွင် ကျင်းပပြုလုပ်သည်။
ဥတ္တရသီရိမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 08,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဥတ္တရသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းသည်။
ဆိပ်ဖြူမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်
Jun 08,2021
မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ်တွင် ဇွန်လ ၅ ရက်နေ့ ည၈နာရီအချိန်ခန့်က ကျေးရွာအုပ်စု (၃)အုပ်စု၊ ကျေးရွာ (၆)ရွာမှ လူနေအိမ် (၇၂)လုံး အိမ်အမိုးလန် ပျက်စီးခဲ့ပြီး နေအိမ်တစ်လုံး ပြိုကျ ပျက်စီးခဲ့ပြီး လေဘေးအန္တရာယ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ယနေ့ နံနက် ၉ နာရီက တောင်ရွာမကျေးရွာအလယ်တန်းကျောင်းနှင့် အရှေ့ကံတွင်းကျေးရွာ အထက်တန်းကျောင်း တို့တွင် သွားရောက်ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ဆက်လက်ဖြေဆို
Jun 08,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၁ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲကို ယနေ့မွန်းတည့် (၁၂) နာရီတွင် မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက် (ဓမ္မဝိဇိတဗိမာန်တော်ကြီး) ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ကျင်းပလျက်ရှိသည်။