စဉ့်ကိုင် ဇွန် ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် တရုတ်စုရပ်ကွက်တိုက်ကျောင်း ရွှေကံကူဓမ္မာရုံ၊ သဇင် ညွှန့် ဓမ္မာရုံနှင့်အာဟာရသုခဆွမ်းစားကျောင်းတို့တွင် မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများ ကြီးကြပ်မှုဖြင့် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲအား ယနေ့မွန်းလွှဲ (၁၂) နာရီက ကျင်းပလျက်ရှိကြောင်းသိရသည်။
အဆိုပါစာမေးပွဲတွင် ပထမကြီးတန်း၊ ပထမလတ်တန်း၊ အငယ်တန်း သံဃာတော် (၁၇၈)ပါး၊ သီလရှင် (၃၃)ပါး၊ စုစုပေါင်း(၂၁၁)ပါးဖြေဆိုရာ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ တိုက်ကျောင်းဆရာတော် ဦးပညာ သာမိ ၊မြို့နယ်သံဃာ့ နာယက ဆရာတော်များ အထူးကြီးကြပ်ဆရာတော်များက အနီးကပ်ကြီးကြပ် ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဌ ဦး ဗိုလ်အောင်မောင်မောင်နှင့် အဖွဲ့ဝင်များမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဝင်းစိုးနှင့် ဝန်ထမ်းများ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက လိုအပ် သည်များ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။
စဉ့်ကိုင်မြို့နယ်တွင် ဓမ္မာစရိယနှင့်ပါဠိပထမပြန် စာမေးပွဲကိုဇွန်လ(၇)က်နေ့မှ ဇွန်လ(၁၃)ရက်နေ့ အထိ ဆရာတော် သံဃာတော်များ၊ သီလရှင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ကိုယ်အပူချိန် တိုင်းတာ ပေးခြင်း ၊ နှာခေါင်းစည်း များဖြန့်ဝေ ပေးခြင်း လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ညိုညိုဝင်း(စဉ့်ကိုင် ပြန်/ဆက်)